ဂ်ပန္ကို ေဘာလံုးပြဲ ႐ွံုးေပမယ့္..စိတ္ဓာတ္မ႐ွံုးခဲ့တ့ဲ့ က်ေနာ္တို႔ ျမန္မာ

ဂ်ပန္ကို ေဘာလံုးပြဲ ႐ွံုးေပမယ့္..စိတ္ဓာတ္မ႐ွံုးခဲ့တ့ဲ့ က်ေနာ္တို႔ ျမန္မာ

ယခုပြဲစဥ္​မွာ ပထမဦးဆုံးလုံးဝမျဖစ္​မ​ေနခ်ီးက်ဴးဂုဏ္​ျပဳရမယ္​့သူ​ေတြက မုိးထဲ​ေလထဲကြင္​းလုံးျပည္​့နီးပါးလာအား​ေပးၾကတဲ့ျမန္​မာတုိ႔ရဲ႕ ျမန္​မာ့​ေသြးအျပည္​့ပါတဲ့ျမန္​မာပရိသတ္​​ေတြပါဘဲ။

Photo:MFF

မႏုိင္​မယ္​မွန္​း ႐ႈံးမယ္​မွန္​းသိတဲ့ပြဲတစ္​ပြဲကုိလုံးဝမာန္​မခ်ဘဲ မိနစ္​ကုိးဆယ္​လုံး ျမန္​မာ​ေဟ့ဆုိတဲ့​ေႂကြး​ေၾကာ္​သံ​ေတြနဲ႔အား​ေပးခဲ့ၾကပါတယ္​။ျမန္​မာပရိသတ္​​ေတြရဲ႕ ဂုဏ္​ယူ​ေက်နပ္​ဖြယ္​ရာအား​ေပးမႈကုိျမင္​ရတဲ့အခ်ိန္​မွာ စိတ္​ထဲမွာတာ္​​ေတာ္​​ေလး ပီတိျဖစ္​​ေက်နပ္​မိတာအမွန္​ပါဘဲ။

Photo:MFF

​ေဘာလုံးပြဲစဥ္​ အ​ေနအထားက​ေတာ့ဂ်ပန္​အသင္​းက မိနစ္​ကုိးဆယ္​လုံးနီးပါးဖိကစားႏုိင္​ခဲ့ၿပီး ​ေမ်ွာ္​လင္​့ထားၿပီးသားမုိ႔ စိတ္​မပ်က္​ပါဘူး။ဒါ​ေပမယ္​့ ​ေျပာစရာ​ေတြ​ေတာ့႐ွိပါတယ္​။နည္​းျပရာဂ်ဴလုိပစ္​ရဲ႕ ပြဲထုတ္​ကစားခုိင္​းခဲ့တဲ့နည္​းဗ်ဴဟာပုိင္​းဟာ အရမ္​းလုိတာထက္​စုိးရိမ္​​ေနပုံပါဘဲ။

Photo:MFF

ျမန္​မာအသင္​းကုိ ကန္​တင္​​ေျပးကစားခုိင္​းၿပီး​ျမန္​မာအသင္​းတုိက္​စစ္​ကုိ ​ေကာင္​တာကစားဖုိ႔​ေတာင္​စီမံထားျခင္​းမ႐ွိပါဘူး။ျမန္​မာအသင္​းနဲ႔ပတ္​သက္​ၿပီး ႏႈိင္​းယွဥ္​ျပရရင္​နည္​းျပ​ေအဗရာမုိဗစ္​လက္​ထက္​မွာ ဂ်ပန္​နဲ႔တန္​းတူလယ္​ဗယ္​တူအသင္​းျဖစ္​တဲ့ အာ႐ွထိပ္​သီး​ေတာင္​ကုိးရီးယားနဲ႔ကမာၻ ့ဖလား​ေျခစစ္​ပြဲ ကစားဖူးတာပါပဲ။ထုိတုန္​းကလည္​း ႏွစ္​ဂုိး သုညနဲ႔႐ႈံးခဲ့ပါတယ္​။

Photo:MFF

ဒါ​ေပမယ္​့ ကြာသြားတာက ျမန္​မာအသင္​းဟာအိမ္​ကြင္​းကစားခြင္​့ပိတ္​ခံထားရလုိ႔ အိမ္​ကြင္​းကန္​ရတဲ့ပြဲစဥ္​ကုိၾကား​ေျမထုိင္​းကြင္​းမွာကစားရတာျဖစ္​ၿပီးထုိအခ်ိန္​တုန္​းက အာ႐ွထိပ္​သီး​ေတာင္​ကုိးရီးယားကုိအျပန္​အလွန္​တုိက္​စစ္​ယွဥ္​ကစားၿပီး ဂုိး႐ႈံးခဲ့တာျဖစ္​ပါတယ္​။

Photo:MFF

ျမန္​မာအသင္​းမွာ ထုိ​ေတာင္​ကုိးရီးယားနဲ႔ကစားခဲ့တဲ့ကစားသမားမ်ားစြာ ယခုလက္​႐ွိအသင္​းမွာျပန္​လည္​ပါဝင္​လာသလုိအိမ္​ကြင္​းပရိသတ္​ ​ေသာင္​းခ်ီ​အား​ေပး​ေနတဲ့​ေ႐ွ႕မွာကစားရတာျဖစ္​​ေပမယ္​့ ရာဂ်ဴလုိပစ္​ရဲ႕ညံ့ဖ်င္​းမႈ​ေၾကာင္​့ပြဲက တစ္​ဘက္​သတ္​နီးပါးျဖစ္​သြားခဲ့ရတာပါ။

Photo:MFF

ျမန္​မာအသင္​းဟာ နည္​းျပ​ေဟာင္​းအန္​တြမ္​နီ​ေဟးကုိင္​တြယ္​ခဲ့စဥ္​က ​ေကာင္​တာတုိက္​စစ္​ကုိ​ေကာင္​း​ေကာင္​းကစားတတ္​တာ အားလုံးသိ​ေပမယ္​့ဘာမွမလုပ္​တတ္​​ေအာင္​ နည္​းျပရာဂ်ဴလုိပစ္​ကစုိးရိမ္​မႈလြန္​တဲ့ နည္​းဗ်ဴဟာပုိင္​း​ေတြအသုံးျပဳခဲ့တာပါ။

Photo:MFF

ယခု ဂ်ပန္​နဲ႔ပြဲစဥ္​မွာကစားသြားတဲ့ပြဲထြက္​ခြင္​့ရတဲ့ ကစားသမား​ေတြရဲ႕ ႀကိဳးစားအားထုတ္​မႈ​ေတြကုိ အသိအမွတ္​ျပဳမိ​ေပမယ္​့နည္​းျပရာဂ်ဴလုိပစ္​ရဲ႕ ႐ွက္​ဖုိ႔​ေကာင္​းတဲ့နည္​းဗ်ဴဟာ​ေတြကျမန္​မာအသင္​းကုိ ဘာမွမလုပ္​ႏုိင္​​ေအာင္​ဖန္​တီးျဖစ္​ခဲ့တာမ်ိဳးျဖစ္​ပါတယ္​။

Photo:MFF

အမွန္​​ေတာ့ ျမန္​မာအသင္​းကုိ တစုိတ္​မတ္​မတ္​ၾကည္​့​ေနသူတုိင္​း ျမန္​မာအသင္​းအ​ေနနဲ႔အိမ္​ကြင္​းမွာ ယခုထက္​ပုိလုပ္​ႏုိင္​တယ္​ဆုိတာသိၾကပါတယ္​။နည္​းျပရာဂ်ဴလုိပစ္​ရဲ႕ ယခုကုိင္​တြယ္​ပုံ​ေတြက​ေတာ့အသင္​းကုိ တုိးတက္​မလာတဲ့အျပင္​သူ႔ရဲ႕ခံစစ္​အားသန္​မႈက အသင္​းကုိဆြဲခ်​ေနပါတယ္​။မြန္​ဂုိလီယားကုိလည္​း ဒါ​ေၾကာင္​့႐ႈံးခဲ့တာပါ။နည္​းျပရာဂ်ဴလုိပစ္​ရဲ႕ အမွားမကင္​းပါဘူး။

Photo:MFF

စပါးအသင္​းရဲ႕ထိပ္​တန္​းတုိက္​စစ္​မႉး ဆြန္​​ေယာင္​မင္​ဆြမ္​ဆီးအသင္​းရဲ႕ကြင္​းလယ္​ကစားသမားတုိ႔ဦး​ေဆာင္​တဲ့အာ႐ွထိပ္​သီး​ေတာင္​ကုိးရီးယားကုိ ထုိင္​းကြင္​းမွာကစားခဲ့တဲ့ ကစားပုံမ်ိဳး ​ေမ်ွာ္​လင္​့မိခဲ့​ေပမယ္​့နည္​းျပရာဂ်ဴလုိပစ္​ရဲ႕နည္​းဗ်ဴဟာ​ေတြ​ေၾကာင္​့ဘာမွျဖစ္​မလာပါဘူး။

Photo:MFF

ဂ်ပန္​အသင္​းက​ေလ်ွာ့ကစားသြားတာဆုိတဲ့​ေသာက္​ပါးစပ္​​ေတြကုိ​ေတာ့ ​ေဘးထုိင္ကန္​႔လန္​႔ဘု​ေျပာပါးခ်ည္​းပဲ အခ်က္​တစ္​ရာ​ေလာက္​ျဖတ္​႐ုိက္​ခ်င္​ပါတယ္​။ယခုလုိ ​ေအာက္​တန္​းက်တဲ့စိတ္​ဓာတ္​​ေတြကုိယ္​့ႏုိင္​ငံ ကုိယ္​့လူမ်ိဳးကုိ မျမႇင္​့တင္​ဘဲျမႇင္​့တင္​ရ​ေကာင္​းမွန္​းမသိတဲ့ ကုိယ္​့အသင္​းကုိႏွိမ္​့ခ်ခ်င္​တဲ့ စိတ္​ဓာတ္​​ေတြ႐ွိ​ေနသမ်ွဘယ္​​ေလာက္​လုပ္​လုပ္​ ႏုိင္​ငံမတုိးတက္​ပါဘူး။

Photo:MFF

ဂ်ပန္​နဲ႔ကစားတဲ့ ယခုပြဲစဥ္​မွာ ဘယ္​ကစားသမား​ေတြဘယ္​သူ​ေတြမပါဘူးဆုိတဲ့ အျပစ္​​ေတြမ​ေျပာခ်င္​ပါဘူး။ပြဲထြက္​ခြင္​့ရတဲ့ ကစားသမား​ေတြအားလုံးရဲ႕ႀကိဳးစားအားထုတ္​မႈ​ေတြကုိ ​ေက်နပ္​မိလုိ႔အသိအမွတ္​ျပဳခ်င္​လုိ႔ျဖစ္​ပါတယ္​။

Photo:MFF

ျမန္​မာကစားသမား​ေတြဟာ တြန္​းအား​ေပးႏုိင္​ရင္​အရမ္​းႀကီးမညံ့ပါဘူး။ဘယ္​အသင္​းမဆုိ အျပန္​အလွန္​ကစားႏုိင္​ပါတယ္​။ခံယူခ်က္​​ေတြ ယခုထက္​ပုိ​ေကာင္​းလာရင္​ယခုထက္​ ပုိႀကိဳးစားၾကမယ္​ဆုိရင္​ျမန္​ျမန္​ဆန္​ဆန္​ ယခုထက္​ပုိၿပီးတုိးတက္​လာမွာပါ။

Photo:MFF

ဂ်ပန္​အသင္​းက သူတုိ႔အသင္​းလုပ္​ႏုိင္​တာအကုန္​လုပ္​ၿပီး ကစားသြားတာျဖစ္​ၿပီးျမန္​မာအသင္​းက ႀကိဳးစားမႈနဲ႔အခက္​​ေတြ႔​ေအာင္​ကစားႏုိင္​ခဲ့ပါတယ္​။နည္​းျပရာဂ်ဴလုိပစ္​သာ ယခုထက္​နည္​းဗ်ဴဟာပုိ​ေကာင္​းခဲ့ရင္​ယခုထက္​ကုိ ဂ်ပန္​အသင္​းအ​ေနနဲ႔အခက္​​ေတြ႔ၿပီးကစားခဲ့ရဦးမွာပါ။​ေက်ာ္​ဇင္​ျဖိဳးက​ေတာ့ ပထမဂုိးမွာသူ႔အားနည္​းခ်က္​ပါ​ေပမယ္​့ တ​ေက်ာ့ျပန္​လက္​စြမ္​း​ေတြက​ေတာ့​ေက်နပ္​စရာ​ေပးခဲ့တာအတိပါပဲ။

Photo:MFF

ကူဘုိကုိထိန္​းျပခဲ့တဲ့ ​ေနာက္​ခံကစားသမားနႏၵ​ေက်ာ္​အျပင္​တစ္​ပြဲလုံး မရပ္​မနား​ေျပးလႊားကစားခဲ့ၾကတဲ့ျမန္​မာကစားသမား​ေတြအားလုံးကုိ အသိအမွတ္​ျပဳပါတယ္​။ျမန္​မာ​ေျမ ျမန္​မာကြင္​းမွာ ျမန္​မာဆုိတာ ​ေသြးရဲ​ေၾကာင္​းအ႐ႈံးကုိလက္​မ​ေျမႇာက္​တတ္​​ေၾကာင္​း ျပသခဲ့တဲ့ျမန္​မာပရိသတ္​​ေတြကုိ​ေတာ့ဂုဏ္​ျပဳ​ေလးစားမိပါသည္​။

#KNကုိႏုိင္​ #မဟာေခတ္သစ္မီဒီယာ

Unicode

ဂျပန်ကို ဘောလုံးပွဲ ရှုံးပေမယ့်..စိတ်ဓာတ်မရှုံးခဲ့တဲ့ ကျနော်တို့ မြန်မာ

ယခုပွဲစဉ်မှာ ပထမဦးဆုံးလုံးဝမဖြစ်မနေချီးကျူးဂုဏ်ပြုရမယ့်သူတွေက မိုးထဲလေထဲကွင်းလုံးပြည့်နီးပါးလာအားပေးကြတဲ့မြန်မာတို့ရဲ့ မြန်မာ့သွေးအပြည့်ပါတဲ့မြန်မာပရိသတ်တွေပါဘဲ။

မနိုင်မယ်မှန်း ရှုံးမယ်မှန်းသိတဲ့ပွဲတစ်ပွဲကိုလုံးဝမာန်မချဘဲ မိနစ်ကိုးဆယ်လုံး မြန်မာဟေ့ဆိုတဲ့ကြွေးကြော်သံတွေနဲ့အားပေးခဲ့ကြပါတယ်။မြန်မာပရိသတ်တွေရဲ့ ဂုဏ်ယူကျေနပ်ဖွယ်ရာအားပေးမှုကိုမြင်ရတဲ့အချိန်မှာ စိတ်ထဲမှာတာ်တော်လေး ပီတိဖြစ်ကျေနပ်မိတာအမှန်ပါဘဲ။

ဘောလုံးပွဲစဉ် အနေအထားကတော့ဂျပန်အသင်းက မိနစ်ကိုးဆယ်လုံးနီးပါးဖိကစားနိုင်ခဲ့ပြီး မျှော်လင့်ထားပြီးသားမို့ စိတ်မပျက်ပါဘူး။ဒါပေမယ့် ပြောစရာတွေတော့ရှိပါတယ်။နည်းပြရာဂျူလိုပစ်ရဲ့ ပွဲထုတ်ကစားခိုင်းခဲ့တဲ့နည်းဗျူဟာပိုင်းဟာ အရမ်းလိုတာထက်စိုးရိမ်နေပုံပါဘဲ။

မြန်မာအသင်းကို ကန်တင်ပြေးကစားခိုင်းပြီးမြန်မာအသင်းတိုက်စစ်ကို ကောင်တာကစားဖို့တောင်စီမံထားခြင်းမရှိပါဘူး။မြန်မာအသင်းနဲ့ပတ်သက်ပြီး နှိုင်းယှဉ်ပြရရင်နည်းပြအေဗရာမိုဗစ်လက်ထက်မှာ ဂျပန်နဲ့တန်းတူလယ်ဗယ်တူအသင်းဖြစ်တဲ့ အာရှထိပ်သီးတောင်ကိုးရီးယားနဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားဖူးတာပါပဲ။ထိုတုန်းကလည်း နှစ်ဂိုး သုညနဲ့ရှုံးခဲ့ပါတယ်။

ဒါပေမယ့် ကွာသွားတာက မြန်မာအသင်းဟာအိမ်ကွင်းကစားခွင့်ပိတ်ခံထားရလို့ အိမ်ကွင်းကန်ရတဲ့ပွဲစဉ်ကိုကြားမြေထိုင်းကွင်းမှာကစားရတာဖြစ်ပြီးထိုအချိန်တုန်းက အာရှထိပ်သီးတောင်ကိုးရီးယားကိုအပြန်အလှန်တိုက်စစ်ယှဉ်ကစားပြီး ဂိုးရှုံးခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းမှာ ထိုတောင်ကိုးရီးယားနဲ့ကစားခဲ့တဲ့ကစားသမားများစွာ ယခုလက်ရှိအသင်းမှာပြန်လည်ပါဝင်လာသလိုအိမ်ကွင်းပရိသတ် သောင်းချီအားပေးနေတဲ့ရှေ့မှာကစားရတာဖြစ်ပေမယ့် ရာဂျူလိုပစ်ရဲ့ညံ့ဖျင်းမှုကြောင့်ပွဲက တစ်ဘက်သတ်နီးပါးဖြစ်သွားခဲ့ရတာပါ။

မြန်မာအသင်းဟာ နည်းပြဟောင်းအန်တွမ်နီဟေးကိုင်တွယ်ခဲ့စဉ်က ကောင်တာတိုက်စစ်ကိုကောင်းကောင်းကစားတတ်တာ အားလုံးသိပေမယ့်ဘာမှမလုပ်တတ်အောင် နည်းပြရာဂျူလိုပစ်ကစိုးရိမ်မှုလွန်တဲ့ နည်းဗျူဟာပိုင်းတွေအသုံးပြုခဲ့တာပါ။

ယခု ဂျပန်နဲ့ပွဲစဉ်မှာကစားသွားတဲ့ပွဲထွက်ခွင့်ရတဲ့ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုမိပေမယ့်နည်းပြရာဂျူလိုပစ်ရဲ့ ရှက်ဖို့ကောင်းတဲ့နည်းဗျူဟာတွေကမြန်မာအသင်းကို ဘာမှမလုပ်နိုင်အောင်ဖန်တီးဖြစ်ခဲ့တာမျိုးဖြစ်ပါတယ်။

အမှန်တော့ မြန်မာအသင်းကို တစိုတ်မတ်မတ်ကြည့်နေသူတိုင်း မြန်မာအသင်းအနေနဲ့အိမ်ကွင်းမှာ ယခုထက်ပိုလုပ်နိုင်တယ်ဆိုတာသိကြပါတယ်။နည်းပြရာဂျူလိုပစ်ရဲ့ ယခုကိုင်တွယ်ပုံတွေကတော့အသင်းကို တိုးတက်မလာတဲ့အပြင်သူ့ရဲ့ခံစစ်အားသန်မှုက အသင်းကိုဆွဲချနေပါတယ်။မွန်ဂိုလီယားကိုလည်း ဒါကြောင့်ရှုံးခဲ့တာပါ။နည်းပြရာဂျူလိုပစ်ရဲ့ အမှားမကင်းပါဘူး။

စပါးအသင်းရဲ့ထိပ်တန်းတိုက်စစ်မှူး ဆွန်ယောင်မင်ဆွမ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမားတို့ဦးဆောင်တဲ့အာရှထိပ်သီးတောင်ကိုးရီးယားကို ထိုင်းကွင်းမှာကစားခဲ့တဲ့ ကစားပုံမျိုး မျှော်လင့်မိခဲ့ပေမယ့်နည်းပြရာဂျူလိုပစ်ရဲ့နည်းဗျူဟာတွေကြောင့်ဘာမှဖြစ်မလာပါဘူး။

ဂျပန်အသင်းကလျှော့ကစားသွားတာဆိုတဲ့သောက်ပါးစပ်တွေကိုတော့ ဘေးထိုင်ကန့်လန့်ဘုပြောပါးချည်းပဲ အချက်တစ်ရာလောက်ဖြတ်ရိုက်ချင်ပါတယ်။ယခုလို အောက်တန်းကျတဲ့စိတ်ဓာတ်တွေကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို မမြှင့်တင်ဘဲမြှင့်တင်ရကောင်းမှန်းမသိတဲ့ ကိုယ့်အသင်းကိုနှိမ့်ချချင်တဲ့ စိတ်ဓာတ်တွေရှိနေသမျှဘယ်လောက်လုပ်လုပ် နိုင်ငံမတိုးတက်ပါဘူး။

ဂျပန်နဲ့ကစားတဲ့ ယခုပွဲစဉ်မှာ ဘယ်ကစားသမားတွေဘယ်သူတွေမပါဘူးဆိုတဲ့ အပြစ်တွေမပြောချင်ပါဘူး။ပွဲထွက်ခွင့်ရတဲ့ ကစားသမားတွေအားလုံးရဲ့ကြိုးစားအားထုတ်မှုတွေကို ကျေနပ်မိလို့အသိအမှတ်ပြုချင်လို့ဖြစ်ပါတယ်။

မြန်မာကစားသမားတွေဟာ တွန်းအားပေးနိုင်ရင်အရမ်းကြီးမညံ့ပါဘူး။ဘယ်အသင်းမဆို အပြန်အလှန်ကစားနိုင်ပါတယ်။ခံယူချက်တွေ ယခုထက်ပိုကောင်းလာရင်ယခုထက် ပိုကြိုးစားကြမယ်ဆိုရင်မြန်မြန်ဆန်ဆန် ယခုထက်ပိုပြီးတိုးတက်လာမှာပါ။

ဂျပန်အသင်းက သူတို့အသင်းလုပ်နိုင်တာအကုန်လုပ်ပြီး ကစားသွားတာဖြစ်ပြီးမြန်မာအသင်းက ကြိုးစားမှုနဲ့အခက်တွေ့အောင်ကစားနိုင်ခဲ့ပါတယ်။နည်းပြရာဂျူလိုပစ်သာ ယခုထက်နည်းဗျူဟာပိုကောင်းခဲ့ရင်ယခုထက်ကို ဂျပန်အသင်းအနေနဲ့အခက်တွေ့ပြီးကစားခဲ့ရဦးမှာပါ။ကျော်ဇင်ဖြိုးကတော့ ပထမဂိုးမှာသူ့အားနည်းချက်ပါပေမယ့် တကျော့ပြန်လက်စွမ်းတွေကတော့ကျေနပ်စရာပေးခဲ့တာအတိပါပဲ။

ကူဘိုကိုထိန်းပြခဲ့တဲ့ နောက်ခံကစားသမားနန္ဒကျော်အပြင်တစ်ပွဲလုံး မရပ်မနားပြေးလွှားကစားခဲ့ကြတဲ့မြန်မာကစားသမားတွေအားလုံးကို အသိအမှတ်ပြုပါတယ်။မြန်မာမြေ မြန်မာကွင်းမှာ မြန်မာဆိုတာ သွေးရဲကြောင်းအရှုံးကိုလက်မမြှောက်တတ်ကြောင်း ပြသခဲ့တဲ့မြန်မာပရိသတ်တွေကိုတော့ဂုဏ်ပြုလေးစားမိပါသည်။

#KNကိုနိုင်

Be the first to comment

Leave a Reply

Your email address will not be published.


*