မွေးရာပါဉာဏ်ရည်မြင့်ပြီး ထက်မြက်တဲ့သူတွေသာ လုပ်တတ်တဲ့ အမူအကျင့် (၈)မျိုး


















Credit – MAY THAZINHTOO

Unicode

လူတွေထဲကလူတချို့ကကံကောင်းလွန်းစွာနဲ့ မွေးလာကတည်းက မြင့်မားတဲ့ ဉာဏ်ရည်ကို ပိုင်ဆိုင်ထားကြပါတယ်။ထက်မြက်တယ်ဆိုတာကတော့ မွေးရာပါလည်းဖြစ်နိုင်သလို လေ့ကျင့်ယူလို့လည်းရပါတယ်။ တကယ်တော့ဉာဏ်ရည်မြင့်တဲ့သူ၊ထက်မြက်တဲ့သူတွေသာအခုဖော်ပြမယ့်အလုပ်တွေကိုလုပ်နိုင်ကြတာပါ။

(၁) ကိုယ့်ကိုယ်ကိုပဲ စိတ်ဝင်စားတယ်

ဉာဏ်ထက်တဲ့သူတွေဟာတခြားလူတွေအကြောင်း၊တခြားလူတွေနဲ့ပတ်သက်တာတွေထက်ကိုယ့်ကိုယ်ကိုပဲ ပိုစိတ်ဝင်စားလေ့ရှိကြတယ်။

(၂) ဟာသဉာဏ်ကောင်းတယ်၊ပျော်ပျော်နေတတ်တယ်

ဉာဏ်ကောင်းတဲ့သူတွေဟာဘယ်အခြေ
အနေမှာမဆို ကောင်းတဲ့အချက်လေးတွေကိုမြင်အောင်ကြည့်တတ်ပြီးဟာသနိုင်တယ်၊ ပျော်ပျော်နေတတ်တယ်၊

(၃) တစ်ယောက်တည်းစကားပြောတတ်တယ်

တစ်ယောက်တည်းရှိတဲ့အချိန်မှာကိုယ့်ကိုယ်ကိုစကားပြန်ပြောနေတာမျိုး၊တစ်ကိုယ်တည်းကြားအောင် ရေရွတ်နေတဲ့အပြုအမူမျိုးတွေကိုဉာဏ်ရည်ထက်မြက်တဲ့သူတွေကပဲ လုပ်ကြတာပါ။

(၄) သီချင်းတစ်ပုဒ်တည်းကို ပဲစွဲပြီးနားထောင်တာမျိုးလုပ်တတ်တယ်

တစ်နေကုန်ကိုယ်ကြိုက်တဲ့သီချင်းတစ်ပုဒ်တည်းကိုပဲထပ်ခါတလဲလဲနားထောင်နေတာမျိုး၊ သီချင်းစာသားဒါမှမဟုတ်သံစဉ်တွေကို ခံစားပြီးနားထောင်နေတာမျိုးလုပ်တတ်ပါတယ်။

(၅) အလုပ်အရမ်းကြိုးစားတဲ့အထဲမှာမပါဘူး

အလုပ်တစ်ခုကိုခက်ခက်ခဲခဲကြိုးစားနေတာမျိုးကို မလုပ်တတ်ပါဘူး။အလုပ်အရမ်းကြိုးစားတဲ့ထဲမပါပေမယ့်ရလဒ်ကောင်းရအောင်ဘယ်လိုလုပ်ရမလဲ ကောင်းကောင်းသိတဲ့သူတွေပါ။

(၆) သူတို့မှားရင် မှားနေမှန်းသိတယ်

ကိုယ်လုပ်တာ၊တွေးတာ၊ ပြောတာမှန်သမျှအရာအားလုံးကိုမှန်တယ်လို့ထင်နေတာမျိုးမရှိဘူး။ကိုယ့်ရဲ့အယူအဆတွေ၊အတွေးအမြင်တွေ၊အပြုအမူတွေမှားသွားရင်ကိုယ်မှားနေမှန်းသိတယ်။ ပြီးတော့မှန်အောင် ပြုပြင်ဖို့ ဝန်မလေးဘူး။

(၇) စကားတွေအများကြီးမပြောဘူး

ဉာဏ်ရည်မြင့်တဲ့သူတွေကစကားတွေ အများကြီးပြောနေတာမျိုး မလုပ်တတ်ဘဲများများနားထောင်တတ်တဲ့သူတွေဖြစ်ပါတယ်။ များများနားထောင်၊နည်းနည်းပြောတတ်တဲ့ အကျင့်ရှိသူတွေပေါ့။

(၈) အမြဲအဖြေရှာနေတတ်တယ်

စူးစမ်းလေ့လာချင်စိတ်များတယ်၊သိချင်စိတ်ရှိတယ်၊အရာရာအတွက်မေးခွန်းတွေရှိနေတတ်တယ်။အကြောင်းအရာတစ်ခုကို ရှုထောင့်ပေါင်းစုံကတွေးပြီးအဖြေရှာနေတတ်တယ်။

Credit – MAY THAZINHTOO

Be the first to comment

Leave a Reply

Your email address will not be published.


*