အိမ်ထောင်တစ်ခုဟာပိုက်ဆံကြောင့် ပြိုကွဲတော့မှာလားသိနိုင်တဲ့အချက်(၅)ချက်

အိမ်ထောင်တစ်ခုဟာပိုက်ဆံကြောင့် ပြိုကွဲတော့မှာလားသိနိုင်တဲ့အချက်(၅)ချက်







credit:Si Si (auntymay)

Unicode

အိမ်ထောင်တစ်ခုဟာပိုက်ဆံကြောင့် ပြိုကွဲတော့မှာလားသိနိုုင်တဲ့အချက်(၅)ချက်

ငွေကြေးနဲ့ ပျော်ရွှင်မှုကို မဝယ်နိုင်၊ ငွေကြေးဟာ မီးလိုပါဘဲအသုံးချတတ်ရင် အကျိုးရှိပြီး အသုံးမချတတ်ရင်တော့မိမိကိုယ်ကို ပြန်ပြီး လောင်တတ်ပါတယ်။တစ်ချို့က ငွေကြေးနဲ့ လွဲမှားတဲ့ အရာတွေကိုဝယ်ယူမိတတ်ကြပါတယ်။ ငွေရှိရင်လုံးဝဥဿုံအဆင်ပြေတယ်လို့ ထင်ကြပါတယ်။တကယ်တော့ ငွေကြေးနဲ့ စတင်ခဲ့တဲ့အိမ်ထောင်ရေးတွေထဲမှာ ငွေ ကြေးကြောင့်ပျက်စီးခဲ့ရတဲ့အိမ်ထောင်ဘက်တွေ အများကြီး ရှိပါတယ်။ပိုက်ဆံကြောင့် ပြိုကွဲဖို့ ဦးတည်နေတဲ့အိမ် ထောင်ရေး အခြေအနေကိုအိမ်ထောင်သည်ပရိသတ်ကြီးအတွက်တင်ဆက်ပေးထားပါတယ်။

(၁) ငွေကိုသာဦးစားပေးရှာမိနေရင်တစ်ချို့က ငွေကိုဒုတိယဘုရားသခင်လို့ ယူဆကာ ကြိုးစားပမ်းစားရှာတတ်ကြပါတယ်။ တကယ်လည်း လောကကြီးမှာ ငွေသာလက်ထဲမှာအစစအရာရာ ပြည့်စုံသလောက် နီးပါးပါဘဲ။ဒါပေမယ့် ငွေကြေးချမ်းသာသူ အများစုဟာ ရေးယခင်မှယခုအချိန်ထိ ငွေကြေးနဲ့ပတ်သက်တဲ့အိမ်ထောင်ရေးကိုတည်ဆောက်လေ့ရှိပါတယ်။ဒါပေမယ့်လှပတဲ့အိမ်ထောင်ရေး ဖြစ်ဖို့ ခဲယဉ်းပါတယ်။ ငွေကြေးကို ဦးစားပေးမိနေလို့ပါ။

(၂) ငွေကြေးကြောင့် ရွေးချယ်ခဲ့တဲ့အိမ်ထောင်ဘက် စောစောက ပြောသလို၊ ကိုယ်တိုင်ကဖြစ်စေမိမိရဲ့အိမ်ထောင်ဘက်က ဖြစ်စေအိမ်ထောင်ဘက် ရွေးချယ်တဲ့အခါ ငွေရေး ကြေးရေးခိုင်မာမှုတစ်ခုတည်းကိုပဲ စဉ်းစားတယ်ဆိုရင်ဒါဟာအနာဂတ် အလားအလာမကောင်းနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။အချိန်မရွေး ပြိုကွဲနို်င်တဲ့သဘောရှိပါတယ်။

(၃) ငွေရေးကြေးရေး ပြိုင်ဆိုင်မှုနဲ့အိမ်ထောင်ရေး အခြေအနေတစ်ခါတစ်လေမှာတော့ လင်ကောမယားကော စီးပွားရှာရမှာအလွန်တော်နေတာမျိုးလည်း ရှိတတ်ပါတယ်။ အစကတည်းကဒီအချက်တွေကိုအခြေခံပြီး အိမ်ထောင်ဘက် ဖြစ်ခဲ့ဖို့ များပါတယ်။ ဒါပေမယ့် ငွေကြေးဟာ လောဘကိုဘယ် တော့မှမတင်းတိမ်စေပါဘူး။တစ်ခုခုရှာရင်းတစ်ခုခုဆုံးရှုံးနေရတာဓမ္မတာပါဘဲ။ ငွေကြေးနောက်ကို ကောက်ကောက်ပါအောင် လိုက်လေ လင်နဲ့မယားကြား တွေ့ထိချိန် နည်းပါးပြီး ဆက်ဆံရေး အေးစက်လေပါဘဲ။

(၄) အချင်းချင်း ငွေရေးကြေးရေးကို စေးကပ်ခြင်း/မသထာခြင်းတစ်ခါတရံကျပြန်တော့ အိမ်ထောင်တစ်ထုရပ်တည်ဖို့လင် သို့မဟုတ်မယားရဲ့လုပ်အားခတစ်ခုတည်းကိုပဲ အားကိုးနေရတဲ့ အခြေအနေမျိုး ရှိတတ်ပါတယ်။ ဒီအခါမှာ ငွေကြးဆိုင်ရာစီမံခန့်ခွဲမှုတွေအပေါ်သဘောထားကွဲလွဲမှုတွေတစ်နည်းမဟုတ် တစ်နည်း ကြုံလာရဖို့ ရှိပါတယ်။ ဒါကလည်းအိမ်ထောင်ရေးတစ်ခုအတွက် မကောင်းနိုင်ပါဘူး။

(၅) ငွေရေးကြေးရေးအရ စကားခဏခဏ များရတဲ့အခါများသောအားဖြင့် အခြေခံလုပ်ခလစာနည်းပါးတဲ့မိသားစုတွေ၊ ဒီကြားထဲမှာစားစရိတ်ပိုကြီးစေတဲ့သားသမီးအခြွေရံ များတဲ့မိသားစုတွေဟာဘယ်တော့မှ ပြေလည်လေ့မရှိပါဘူး။ပိုဆိုးတဲ့အခြေအနေက တစ်စုံတစ်ယောက်ရဲ့လုပ်အားခကိုတစ်ရက်တာအသုံးစရိတ်အဖြစ်အနိုင်နိုင်လည်ပတ်နေရတဲ့အိမ်ထောင်ရေးဆိုတကျက်ကျက် ရန်ဖြစ်ရတတ်ပါတယ်။ရန်ဖြစ်တိုင်း မကောင်းပါဘူး။ရန်ဖြစ်တိုင်း ပြန်ချစ်စေတာမဟုတ်ပါဘူး။

credit:Si Si (auntymay)

Be the first to comment

Leave a Reply

Your email address will not be published.


*