Crd;momolay
Unicode
အစာအိမ်နာတာကြောင့် ဆေးရုံတက်ပြီးဆေးစစ်မှု ခံယူနေရတဲ့ ဝေဠုကျော်
ပရဟိတအလုပ်တွေကို နေ့မနား၊ ညမနားနဲ့ တကယ်လိုအပ်တဲ့ ဒေသတွေကို ကိုယ်တိုင်ဆင်းပြီး အားသွန်ခွန်စိုက် ပြုလုပ်တတ်သူတစ်ဦးဖြစ်တဲ့ မင်းသားကြီး ​ဝေဋ္ဌုကျော်ကတော့ အမြဲလိုလို တက်ကြွနေတတ်သူ တစ်ဦးပါ။ လတ်တလောမှာတော
့ ဝေဠု​ကျော်က အစာအိမ်နာနေတာအတော်ကြာနေပြီမို့ ဆေးရုံတက်ပြီး ဆေးစစ်နေရတဲ့ အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ကျန်းမာရေးကို ဂရုမစိုက်ပဲ အကူအညီလိုအပ်နေတဲ့ ဒေသတွေဆီ လိုက်လံကူညီပြီး ပျော်ပျော်နေတတ်တဲ့ ဝေဠု​ကျော်ကိုတော့ ပရိသတ်တွေက အရမ်းစိတ်ပူနေကြတာပါနော်။
ချစ်ပရိသတ်တွေအတွက် အစာအိမ်နာတာ အတော်ကြာလာလို့ ဆေးရုံရောက်နေတဲ့ ပရဟိတမင်းသားကြီး ​ဝေဠု​ကျော်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဝေဋ္ဌုကျော်ဖောင်ဒေးရှင်းက တာဝန်ရှိသူတစ်ဦးကတော့ ” 9-9-2019 အစာအိမ်နာနေတာ အတော်ကြာလို့ ဆေးစစ်ရန် ဆေးရုံသို့ ရောက်ရှိ” ဆိုပြီး​ ​ဝေဠု​ကျော်ရဲ့ကျန်းမာရေးအခြေအနေအကြောင်း ပရိသတ်တွေကို အသိပေးထားတာပါ။ ​ဝေဠု​ကျော်ကတော့ ဘယ်လောက်ဝေးတဲ့နေရာဖြစ်ဖြစ် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီမှုတွေ ပြုလုပ်တတ်သူမို့ ကျန်းမာရေးအခြေအနေကိုတောင် ဂရုမစိုက်သူတစ်ဦးပဲ ဖြစ်ပါတယ်။
ချစ်ပရိသတ်တွေလည်း ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာ စစ်ဆေးမှုတွေ ပြုလုပ်နေရတဲ့ မင်းသားကြီး ​ဝေဠု​ကျော်တစ်ယောက် ဘာရောဂါဝေဒနာမှ မရှိပါစေနဲ့လို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။
Source;Wailu Kyaw Foundation’s Facebook
Crd;momolay
Be the first to comment
Leave a Reply
Your email address will not be published.
*