“စင္ေပၚမွာမုဒိန္းက်င့္ျပဖို႔ ဘယ္သူမွမေျပာခဲ့ဘူး”ဟုဒါ႐ိုက္တာညိဳမင္းလြင္ေျပာဆိုလိုက္

“စင္ေပၚမွာမုဒိန္းက်င့္ျပဖို႔ ဘယ္သူမွမေျပာခဲ့ဘူး”ဟုဒါ႐ိုက္တာညိဳမင္းလြင္ေျပာဆိုလိုက္

ျမန္မာႏိုင္ငံတစ္ႏိုင္ငံလုံး ဟိုးေလးတေက်ာ္နာမည္ႀကီးသြားခဲ့ရတဲ့ “ျမျမ”ဆိုတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ အျဖစ္ပ်က္ကို အေျခခံလို႔ ႐ုပ္ရွင္ဇာတ္ကားတစ္ကားအျဖစ္ ဖန္တီး႐ိုက္ကူးသြားမဲ့ နာမည္ႀကီးဒါ႐ိုက္တာ ညိဳမင္းလြင္ကေတာ့

“ျမျမ”ဇာတ္႐ုပ္အတြက္ ထိပ္တန္းမင္းသမီး သင္ဇာဝင့္ေက်ာ္ကို ေ႐ြးခ်ယ္ခဲ့ၿပီးေနာက္ မုဒိန္းဇာတ္ေကာင္(၃)ေယာက္အတြက္ သ႐ုပ္ေဆာင္သစ္ေတြကို ေ႐ြးခ်ယ္ပြဲျပဳလုပ္ကာ ေ႐ြးခ်ယ္ခဲ့တဲ့အေပၚ လာေရာက္ေလွ်ာက္ထားသူ အမ်ိဳးသားမ်ားအလြန္မ်ားျပားခဲ့တဲ့အထိ လူစိတ္ဝင္စားမႈ ရရွိခဲ့ပါတယ္။

မုဒိန္းဇာတ္ေကာင္(၃)ေယာက္အတြက္ သ႐ုပ္ေဆာင္သစ္ေ႐ြးခ်ယ္ပြဲရဲ႕ စင္ျမင့္ထက္ သ႐ုပ္ေဆာင္သစ္ေတြရဲ႕ မုဒိန္းက်င့္ခန္း သ႐ုပ္ေဆာင္ျပသမႈေတြနဲ႔ ပတ္သက္လို႔ ဗီဒီယိုဖိုင္မ်ား ပ်ံ႕ႏွံခဲ့ၿပီးေနာက္ “ျမျမ”႐ုပ္ရွင္ဟာ မုဒိန္းမႈေတြပိုမိုမ်ားျပားေစမဲ့႐ုပ္ရွင္ျဖစ္ေၾကာင္း ပရိသတ္ေတြရဲ႕ ျပင္းျပင္းထန္ထန္ ေဝဖန္မႈေတြျဖစ္ေပၚခဲ့ပါတယ္။ဒီလိုေဝဖန္မႈေတြအေပၚ ဒါ႐ိုက္တာ ညိဳမင္းလြင္ကေတာ့ “စင္ေပၚမွာမုဒိန္းက်င့္ျပဖို႔ ဘယ္သူမွမေျပာခဲ့ဘူးဗ်။စ ေျပာကတည္းက

ဒိုင္လူႀကီးေတြနဲ႔ပရိသတ္အာ႐ုံ ကိုယ့္ဆီေရာက္လာေအာင္ သီခ်င္းဆိုျပလိုက္တာပဲျဖစ္ျဖစ္၊ ထ ေအာ္လိုက္တာပဲျဖစ္ျဖစ္ ႀကိဳက္တာတစ္ခုခုလုပ္ျပႏိုင္ပါတယ္ လို႔ပဲေျပာခဲ့တာ၊ ပြဲကိုေရာက္လာခဲ့တဲ့လူေတြသက္ေသရွိတယ္၊ ဒိုင္လူႀကီးေတြကလည္း မ်က္ႏွာအမူအရာကိုပဲဦးစားေပးေ႐ြးခ်ယ္ခဲ့တာ၊ျမျမ ဇာတ္ကားေၾကာင့္မုဒိန္းမႈေတြေပါမ်ားလာလိမ့္မယ္ထင္ရင္ေတာ့ အခုလက္ရွိျဖစ္ေနတဲ့မုဒိန္းမႈေတြက ဘာကားေၾကာင့္ပါလဲ လို႔ျပန္ေမးရေတာ့မွာေပါ့၊”လို႔ ျပန္လည္ေျဖရွင္းေျပာၾကားလာတာပဲျဖစ္ပါတယ္။

လာေရာက္ေလွ်ာက္ထားခဲ့သူေတြထဲကမွ မ်ိဳးလႈိင္ဝင္း ၊ အက္စတာဆိုင္း နဲ႔ လင္းေန ဆိုတဲ့ မ်က္နာသစ္ သ႐ုပ္ေဆာင္သစ္ (၃) ေယာက္ကို ေ႐ြးခ်ယ္ခဲ့ၿပီး ေတာင္ဒဂုံ စက္မႈဇုံတစ္ခုမွာ အလုပ္လုပ္ေနတဲ့ “ျမျမ”ဆိုတဲ့မိန္းကေလးဟာ အမွန္တကယ္ပဲ မုဒိန္းက်င့္ မတရား အသတ္ခံလိုက္ရတာဟာ တကယ္ျဖစ္ပ်က္ခဲ့တာလား၊လုပ္ႀကံဇာတ္လမ္းလားဆိုတာကိုေတာ့ ယေန႔အခ်ိန္ထိသဲသဲကြဲကြဲ မသိရွိရေသးပါဘူး။

Source ; Nyo Min Lwin

Chilli – CeleGabar

Unicode

“စင်ပေါ်မှာမုဒိန်းကျင့်ပြဖို့ ဘယ်သူမှမပြောခဲ့ဘူး”ဟုဒါရိုက်တာညိုမင်းလွင်ပြောဆိုလိုက်

မြန်မာနိုင်ငံတစ်နိုင်ငံလုံး ဟိုးလေးတကျော်နာမည်ကြီးသွားခဲ့ရတဲ့ “မြမြ”ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အဖြစ်ပျက်ကို အခြေခံလို့ ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် ဖန်တီးရိုက်ကူးသွားမဲ့ နာမည်ကြီးဒါရိုက်တာ ညိုမင်းလွင်ကတော့

“မြမြ”ဇာတ်ရုပ်အတွက် ထိပ်တန်းမင်းသမီး သင်ဇာဝင့်ကျော်ကို ရွေးချယ်ခဲ့ပြီးနောက် မုဒိန်းဇာတ်ကောင်(၃)ယောက်အတွက် သရုပ်ဆောင်သစ်တွေကို ရွေးချယ်ပွဲပြုလုပ်ကာ ရွေးချယ်ခဲ့တဲ့အပေါ် လာရောက်လျှောက်ထားသူ အမျိုးသားများအလွန်များပြားခဲ့တဲ့အထိ လူစိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။

မုဒိန်းဇာတ်ကောင်(၃)ယောက်အတွက် သရုပ်ဆောင်သစ်ရွေးချယ်ပွဲရဲ့ စင်မြင့်ထက် သရုပ်ဆောင်သစ်တွေရဲ့ မုဒိန်းကျင့်ခန်း သရုပ်ဆောင်ပြသမှုတွေနဲ့ ပတ်သက်လို့ ဗီဒီယိုဖိုင်များ ပျံ့နှံခဲ့ပြီးနောက် “မြမြ”ရုပ်ရှင်ဟာ မုဒိန်းမှုတွေပိုမိုများပြားစေမဲ့ရုပ်ရှင်ဖြစ်ကြောင်း ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒီလိုဝေဖန်မှုတွေအပေါ် ဒါရိုက်တာ ညိုမင်းလွင်ကတော့ “စင်ပေါ်မှာမုဒိန်းကျင့်ပြဖို့ ဘယ်သူမှမပြောခဲ့ဘူးဗျ။စ ပြောကတည်းက

ဒိုင်လူကြီးတွေနဲ့ပရိသတ်အာရုံ ကိုယ့်ဆီရောက်လာအောင် သီချင်းဆိုပြလိုက်တာပဲဖြစ်ဖြစ်၊ ထ အော်လိုက်တာပဲဖြစ်ဖြစ် ကြိုက်တာတစ်ခုခုလုပ်ပြနိုင်ပါတယ် လို့ပဲပြောခဲ့တာ၊ ပွဲကိုရောက်လာခဲ့တဲ့လူတွေသက်သေရှိတယ်၊ ဒိုင်လူကြီးတွေကလည်း မျက်နှာအမူအရာကိုပဲဦးစားပေးရွေးချယ်ခဲ့တာ၊မြမြ ဇာတ်ကားကြောင့်မုဒိန်းမှုတွေပေါများလာလိမ့်မယ်ထင်ရင်တော့ အခုလက်ရှိဖြစ်နေတဲ့မုဒိန်းမှုတွေက ဘာကားကြောင့်ပါလဲ လို့ပြန်မေးရတော့မှာပေါ့၊”လို့ ပြန်လည်ဖြေရှင်းပြောကြားလာတာပဲဖြစ်ပါတယ်။

လာရောက်လျှောက်ထားခဲ့သူတွေထဲကမှ မျိုးလှိုင်ဝင်း ၊ အက်စတာဆိုင်း နဲ့ လင်းနေ ဆိုတဲ့ မျက်နာသစ် သရုပ်ဆောင်သစ် (၃) ယောက်ကို ရွေးချယ်ခဲ့ပြီး တောင်ဒဂုံ စက်မှုဇုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ “မြမြ”ဆိုတဲ့မိန်းကလေးဟာ အမှန်တကယ်ပဲ မုဒိန်းကျင့် မတရား အသတ်ခံလိုက်ရတာဟာ တကယ်ဖြစ်ပျက်ခဲ့တာလား၊လုပ်ကြံဇာတ်လမ်းလားဆိုတာကိုတော့ ယနေ့အချိန်ထိသဲသဲကွဲကွဲ မသိရှိရသေးပါဘူး။

Source ; Nyo Min Lwin

Chilli – CeleGabar

Be the first to comment

Leave a Reply

Your email address will not be published.


*