ေအာက္က်ိဳ႕ၿပီး ေျပာတာေတာင္႐ုပ္႐ွင္ေခၚမ႐ိုက္ၾကေတာ့ေၾကာင္းရင္ဖြင့္လာတဲ့ လူရႊင္ေတာ္ဦးဧရာ

ေအာက္က်ိဳ႕ၿပီး ေျပာတာေတာင္႐ုပ္႐ွင္ေခၚမ႐ိုက္ၾကေတာ့ေၾကာင္းရင္ဖြင့္လာတဲ့ လူရႊင္ေတာ္ဦးဧရာ

ဦးဧရာက မၾကာေသးမီက အကုန္သိ မီဒီယာနဲ႔ အင္တာဗ်ဴးမွာ လက္ရွိအနုပညာလႈပ္ရွားမႈေလးေတြကုိေျပာျပထားျပီး ရုပ္ရွင္ရိုက္ဖို႔မေခၚၾကေတာ့တဲ့အေၾကာင္း ဝမ္းနည္းစြာရင္ဖြင့္ထားပါတယ္။

ဦးဧရာက လက္ရွိအနုပညာလႈပ္ရွားမႈေလးေတြအေၾကာင္း “ျပဇာတ္ေတြဘာေတြကတယ္။ သီခ်င္းေတြဘာေတြဆိုတယ္။ ရယ္စရာေတြေျပာေပါ့ေနာ္။အဲဒါေတြလုပ္ေနတယ္။ လူေကာင္းေလာက္ေတာ့မဟုတ္ဘူးေပါ့ေနာ္။ ခါးေလးနာရင္ျပန္ထုိင္လိုက္ ျပီးရင္ျပန္ထျပီးေျပာလုိက္ေပါ့ေနာ္”လို႔ ေျပာျပထားပါတယ္။

က်န္းမာေရးမေကာင္းေပမယ့္ အလုပ္လုပ္ေနတဲ့အေၾကာင္းလည္း “က်န္းမာေရးကုိစိုးရိမ္ေနရင္ေတာ့ ဦးဘယ္ေတာ့မွဒီအလုပ္ျပန္လုပ္ျဖစ္မွာမဟုတ္ဘူးေလ။ အဲ့ေတာ့ ျဖစ္ခါမွျဖစ္ေရာ အခြင့္အေရးရသေလာက္ေလးေတာ့ လုပ္ခ်င္တယ္”လို႔ ေျဖၾကားထားပါတယ္။

က်န္းမာေရးခ်ဴခ်ာေနတဲ့ ဦးဧရာက ဘုရားတရားေတြလုပ္ျဖစ္ေနတယ္လို႔လည္း “အခု ဦးက ေရႊေသာင္ယံဘက္မွာ ကုိေက်ာ္သူတို႔နဲ႔အတူ ျဗဟၼစုိရ္ ေအာင္ေတာ္မူေစတီတည္ေနတယ္ေပါ့။ေရႊတိဂံုပံု ညဏ္ေတာ္ဆယ့္ရွစ္ေတာင္ရွိတယ္ေပါ့။ အဲဒါတည္တဲ့အထဲမွာ နာယကအျဖစ္ပါျပီးဝင္လုပ္ေနတယ္။အဲဒါလုပ္လို႔လည္း က်န္းမာေရးျပန္ေကာင္းလာတယ္လို႔ထင္တယ္။

ဦးတိုိ႔အသက္အရြယ္က ကုိုယ္ဘယ္ေလာက္ေနရမလဲဆိုတာ သက္တမ္းခ်ိန္လို႔ရပါတယ္။ ကုိယ့္ဟာကုိယ္တြက္ခ်က္ျပီး လုပ္သင့္တာလုပ္ သြားရမယ္ဆုိတဲ့သေဘာပါ”လို႔ ေျပာထားပါတယ္။

ဇာတ္ကားေတြရိုက္ဖုိ႔ကုိ ေအာက္က်ိဳ႔ျပီးေျပာေနေပမယ့္လည္းမေခၚၾကတဲ့အေၾကာင္း “ဦးက လက္ခံဖို႔ေျပာတယ္ေပါ့ေနာ္။ တစ္ခါမွေအာက္မက်ိဳ႕ဖူးဘူး။အခု ေအာက္က်ိဳ႕ခံျပီးေျပာတယ္။ ေခၚပါကြာ။ ေျပးတာလႊားတာေတာ့မရဘူးေပါ့။

စကားေျပာတဲ့အခန္း လမ္းေလွ်ာက္ျပီးသြားတဲ့အခန္းဘာညာေတာ့ ရိုက္လို႔ရေနပါျပီ။ ေျပးတဲ့လႊားတဲ့အခန္းရိုက္ခ်င္ရင္ေတာ့ ဓားအစစ္နဲ႔လုိက္ အဲဒါဆိုေၾကာက္ျပီးေျပးရင္ေျပးမယ္ေပါ့။

ဒါေပမယ့္ေခၚတာရွားပါတယ္။မေခၚၾကပါဘူး။ ရိုက္တာလည္းနည္းပးါတယ္။ ရိုက္တဲ့အားလည္းမရွိၾကလို႔ပါ။ အခုေတာ့ ဦးကုိယ္တိုင္ေရးထားတဲ့ တေစၦေရြးေကာက္ပြဲဆိုတာေလးကုိ ဆရာသီကုိအပ္ထားတယ္။ ဇာတ္လမ္းတြဲေပါ့။

episode 20 အထိေရးထားျပီးသား။ ဒါေလးကုိရိုက္ခ်င္တယ္။ ပရိသတ္ေတြလည္းအဲဒါေလး ရိုက္ခြင့္ရေအာင္ဆုေတာင္းေပးၾကပါ”လို႔ ရင္ဖြင့္ေျပာျပထားပါတယ္။

Unicode

အောက်ကျို့ပြီး ပြောတာတောင်ရုပ်ရှင်ခေါ်မရိုက်ကြတော့ကြောင်းရင်ဖွင့်လာတဲ့ လူရွှင်တော်ဦးဧရာ

ဦးဧရာက မကြာသေးမီက အကုန်သိ မီဒီယာနဲ့ အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုလေးတွေကိုပြောပြထားပြီး ရုပ်ရှင်ရိုက်ဖို့မခေါ်ကြတော့တဲ့အကြောင်း ဝမ်းနည်းစွာရင်ဖွင့်ထားပါတယ်။

ဦးဧရာက လက်ရှိအနုပညာလှုပ်ရှားမှုလေးတွေအကြောင်း “ပြဇာတ်တွေဘာတွေကတယ်။ သီချင်းတွေဘာတွေဆိုတယ်။ ရယ်စရာတွေပြောပေါ့နော်။အဲဒါတွေလုပ်နေတယ်။ လူကောင်းလောက်တော့မဟုတ်ဘူးပေါ့နော်။ ခါးလေးနာရင်ပြန်ထိုင်လိုက် ပြီးရင်ပြန်ထပြီးပြောလိုက်ပေါ့နော်”လို့ ပြောပြထားပါတယ်။

ကျန်းမာရေးမကောင်းပေမယ့် အလုပ်လုပ်နေတဲ့အကြောင်းလည်း “ကျန်းမာရေးကိုစိုးရိမ်နေရင်တော့ ဦးဘယ်တော့မှဒီအလုပ်ပြန်လုပ်ဖြစ်မှာမဟုတ်ဘူးလေ။ အဲ့တော့ ဖြစ်ခါမှဖြစ်ရော အခွင့်အရေးရသလောက်လေးတော့ လုပ်ချင်တယ်”လို့ ဖြေကြားထားပါတယ်။

ကျန်းမာရေးချူချာနေတဲ့ ဦးဧရာက ဘုရားတရားတွေလုပ်ဖြစ်နေတယ်လို့လည်း “အခု ဦးက ရွှေသောင်ယံဘက်မှာ ကိုကျော်သူတို့နဲ့အတူ ဗြဟ္မစိုရ် အောင်တော်မူစေတီတည်နေတယ်ပေါ့။ရွှေတိဂုံပုံ ညဏ်တော်ဆယ့်ရှစ်တောင်ရှိတယ်ပေါ့။ အဲဒါတည်တဲ့အထဲမှာ နာယကအဖြစ်ပါပြီးဝင်လုပ်နေတယ်။အဲဒါလုပ်လို့လည်း ကျန်းမာရေးပြန်ကောင်းလာတယ်လို့ထင်တယ်။

ဦးတို့အသက်အရွယ်က ကိုယ်ဘယ်လောက်နေရမလဲဆိုတာ သက်တမ်းချိန်လို့ရပါတယ်။ ကိုယ့်ဟာကိုယ်တွက်ချက်ပြီး လုပ်သင့်တာလုပ် သွားရမယ်ဆိုတဲ့သဘောပါ”လို့ ပြောထားပါတယ်။

ဇာတ်ကားတွေရိုက်ဖို့ကို အောက်ကျို့ပြီးပြောနေပေမယ့်လည်းမခေါ်ကြတဲ့အကြောင်း “ဦးက လက်ခံဖို့ပြောတယ်ပေါ့နော်။ တစ်ခါမှအောက်မကျို့ဖူးဘူး။အခု အောက်ကျို့ခံပြီးပြောတယ်။ ခေါ်ပါကွာ။ ပြေးတာလွှားတာတော့မရဘူးပေါ့။

စကားပြောတဲ့အခန်း လမ်းလျှောက်ပြီးသွားတဲ့အခန်းဘာညာတော့ ရိုက်လို့ရနေပါပြီ။ ပြေးတဲ့လွှားတဲ့အခန်းရိုက်ချင်ရင်တော့ ဓားအစစ်နဲ့လိုက် အဲဒါဆိုကြောက်ပြီးပြေးရင်ပြေးမယ်ပေါ့။

ဒါပေမယ့်ခေါ်တာရှားပါတယ်။မခေါ်ကြပါဘူး။ ရိုက်တာလည်းနည်းပးါတယ်။ ရိုက်တဲ့အားလည်းမရှိကြလို့ပါ။ အခုတော့ ဦးကိုယ်တိုင်ရေးထားတဲ့ တစ္ဆေရွေးကောက်ပွဲဆိုတာလေးကို ဆရာသီကိုအပ်ထားတယ်။ ဇာတ်လမ်းတွဲပေါ့။

episode 20 အထိရေးထားပြီးသား။ ဒါလေးကိုရိုက်ချင်တယ်။ ပရိသတ်တွေလည်းအဲဒါလေး ရိုက်ခွင့်ရအောင်ဆုတောင်းပေးကြပါ”လို့ ရင်ဖွင့်ပြောပြထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*