အသည္း ျပည္တည္ျခင္း အေၾကာင္း သိထားသင္​့​ေသာ အခ်က္​မ်ား

ရပ္ကြက္ထဲကလူႀကီးတစ္ေယာက္ဖ်ားၿပီး အသားေတြဝါလာတာကို ေပါ့ေပါ့ဆဆေနမိတာ ေဟာသိပ္မၾကာပါဘူးဆုံးသြားပါေရာ။ ရင္ခြဲစစ္ေဆးၾကည့္ေတာ့မွအသည္းျပည္တည္တာတဲ့ေလ။ဒါဆိုအသည္းမွာေရာ ျပည္တည္ႏိုင္သလား၊အသည္းျပည္တည္ျခင္းကဒီေလာက္ေတာင္ဆိုးရြားသလားဆိုတာ သိခ်င္ၾကပါလိမ့္မယ္။

အသည္းျပည္တည္ျခင္းဆိုတာအသည္းတစ္ေနရာတြင္ျပည္အိတ္ျဖစ္ေပၚေနျခင္းကိုဆိုလိုၿပီးအလ်င္အျမန္မကုသပါက​ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားစြာကိုျဖစ္ေပၚေစပါလိမ့္မယ္။

ဘက္တီးရီးယား၊ မႈိနဲ႔ ကပ္ပါးပိုးမ်ားဝင္ေရာက္ရာကေနျဖစ္ေပၚႏိုင္ပါတယ္။

ထိုပိုးမ်ားဟာဝမ္းဗိုက္တြင္းရွိအျခားေသာ ကလီဇာမ်ားကေနတစ္ဆင့္ ေသြးေၾကာထဲသို႔ ေရာက္ရွိၿပီးထိုကတစ္ဆင့္အသည္းကို ဝင္ေရာက္ျခင္းျဖစ္ပါတယ္။

အသည္းကိုထိခိုက္ဒဏ္ရာရျခင္းနဲ႔ ခြဲစိတ္ျခင္းမ်ားျပဳလုပ္ၿပီးေနာက္လည္းျဖစ္ေပၚႏိုင္ပါတယ္။

>> ေရာဂါလကၡဏာမ်ား

ပိုးဝင္ျခင္းျဖစ္ေပၚၿပီး ၂ ပတ္မွ ၄ ပတ္အၾကာတြင္​ေအာက္ပါလကၡဏာမ်ားကို​ေတြ႕ရပါတယ္။

ခ်မ္းတုန္ဖ်ားျခင္း,မအီမသာျဖစ္ျခင္း,ဗိုက္ညာဘက္ျခမ္းအေပၚတြင္နာျခင္း,ကိုယ္အေလးခ်ိန္က်ျခင္း,ပ်ိဳ႕အန္ျခင္း,ဝမ္းပ်က္ျခင္း၊ဝမ္းခ်ဳပ္ျခင္း သို႔မဟုတ္ ၂ ခုလုံးတစ္ၿပိဳင္နက္ျဖစ္ျခင္း, ေခ်ာင္းဆိုးျခင္း,ရင္ဘတ္ေအာင့္ျခင္း၊ ပခုံးနာျခင္း,မ်က္စိနဲ႔အေရျပားဝါျခင္း

>> ကုသနည္း

ပိုးသတ္ေဆးမ်ား ေသာက္ျခင္း / ေသြးေၾကာမွသြင္းျခင္း,အသည္းရွိ ျပည္အိတ္မွျပည္မ်ားကိုအပ္ျဖင့္စုပ္ထုတ္ျခင္း,အာထရာေဆာင္း၊ စီတီစကင္ (CT scan)၊ MRI ႐ိုက္ျခင္းတို႔ျဖင့္အေျဖရွာကုသႏိုင္ပါတယ္။

>> ေနာက္ဆက္တြဲဆိုးက်ိဳးမ်ား

ျပည္အိတ္ေပါက္ျခင္း (အေရးေပၚအေျခအေန),အျခားေသာအစိတ္အပိုင္းမ်ား (ဗိုက္ေခါင္း၊ အဆုတ္၊ႏွလုံး၊ဦးေႏွာက္၊မ်က္စိ)သို႔ပိုးမ်ား ပ်ံ႕ႏွံ႔ျခင္း၊ ေသြးဆိပ္တက္ျခင္း,အသက္ေသဆုံးျခင္း

အသည္းျပည္တည္ျခင္းဟာအသက္ေသဆုံးသည္အထိဆိုးက်ိဳးေပးႏိုင္တာမို႔ ဖ်ားျခင္း၊ ဗိုက္ညာဘက္အေပၚျခမ္းနာက်င္ျခင္းနဲ႔ အသားဝါျခင္းတို႔ ျဖစ္ေပၚပါကဂ႐ုတစိုက္ကုသမႈ ခံယူသင့္ပါတယ္။

ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)

Unicode

ရပ်ကွက်ထဲကလူကြီးတစ်ယောက်ဖျားပြီး အသားတွေဝါလာတာကို ပေါ့ပေါ့ဆဆနေမိတာ ဟောသိပ်မကြာပါဘူးဆုံးသွားပါရော။ ရင်ခွဲစစ်ဆေးကြည့်တော့မှအသည်းပြည်တည်တာတဲ့လေ။ဒါဆိုအသည်းမှာရော ပြည်တည်နိုင်သလား၊အသည်းပြည်တည်ခြင်းကဒီလောက်တောင်ဆိုးရွားသလားဆိုတာ သိချင်ကြပါလိမ့်မယ်။

အသည်းပြည်တည်ခြင်းဆိုတာအသည်းတစ်နေရာတွင်ပြည်အိတ်ဖြစ်ပေါ်နေခြင်းကိုဆိုလိုပြီးအလျင်အမြန်မကုသပါကနောက်ဆက်တွဲဆိုးကျိုးများစွာကိုဖြစ်ပေါ်စေပါလိမ့်မယ်။

ဘက်တီးရီးယား၊ မှိုနဲ့ ကပ်ပါးပိုးများဝင်ရောက်ရာကနေဖြစ်ပေါ်နိုင်ပါတယ်။

ထိုပိုးများဟာဝမ်းဗိုက်တွင်းရှိအခြားသော ကလီဇာများကနေတစ်ဆင့် သွေးကြောထဲသို့ ရောက်ရှိပြီးထိုကတစ်ဆင့်အသည်းကို ဝင်ရောက်ခြင်းဖြစ်ပါတယ်။

အသည်းကိုထိခိုက်ဒဏ်ရာရခြင်းနဲ့ ခွဲစိတ်ခြင်းများပြုလုပ်ပြီးနောက်လည်းဖြစ်ပေါ်နိုင်ပါတယ်။

>> ရောဂါလက္ခဏာများ

ပိုးဝင်ခြင်းဖြစ်ပေါ်ပြီး ၂ ပတ်မှ ၄ ပတ်အကြာတွင်အောက်ပါလက္ခဏာများကိုတွေ့ရပါတယ်။

ချမ်းတုန်ဖျားခြင်း,မအီမသာဖြစ်ခြင်း,ဗိုက်ညာဘက်ခြမ်းအပေါ်တွင်နာခြင်း,ကိုယ်အလေးချိန်ကျခြင်း,ပျို့အန်ခြင်း,ဝမ်းပျက်ခြင်း၊ဝမ်းချုပ်ခြင်း သို့မဟုတ် ၂ ခုလုံးတစ်ပြိုင်နက်ဖြစ်ခြင်း, ချောင်းဆိုးခြင်း,ရင်ဘတ်အောင့်ခြင်း၊ ပခုံးနာခြင်း,မျက်စိနဲ့အရေပြားဝါခြင်း

>> ကုသနည်း

ပိုးသတ်ဆေးများ သောက်ခြင်း / သွေးကြောမှသွင်းခြင်း,အသည်းရှိ ပြည်အိတ်မှပြည်များကိုအပ်ဖြင့်စုပ်ထုတ်ခြင်း,အာထရာဆောင်း၊ စီတီစကင် (CT scan)၊ MRI ရိုက်ခြင်းတို့ဖြင့်အဖြေရှာကုသနိုင်ပါတယ်။

>> နောက်ဆက်တွဲဆိုးကျိုးများ

ပြည်အိတ်ပေါက်ခြင်း (အရေးပေါ်အခြေအနေ),အခြားသောအစိတ်အပိုင်းများ (ဗိုက်ခေါင်း၊ အဆုတ်၊နှလုံး၊ဦးနှောက်၊မျက်စိ)သို့ပိုးများ ပျံ့နှံ့ခြင်း၊ သွေးဆိပ်တက်ခြင်း,အသက်သေဆုံးခြင်း

အသည်းပြည်တည်ခြင်းဟာအသက်သေဆုံးသည်အထိဆိုးကျိုးပေးနိုင်တာမို့ ဖျားခြင်း၊ ဗိုက်ညာဘက်အပေါ်ခြမ်းနာကျင်ခြင်းနဲ့ အသားဝါခြင်းတို့ ဖြစ်ပေါ်ပါကဂရုတစိုက်ကုသမှု ခံယူသင့်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)