ဆင္ေရယုန္အေၾကာင္း သိေကာင္းစရာ

ႏႈတ္ခမ္းေပၚမွာအေရၾကည္ဖုေလးေတြျဖစ္တဲ့ ေရယုန္ကို​ေတာ္ေတာ္မ်ားမ်ား ေပါက္ဖူးၾကပါလိမ့္မယ္။ဒီလို​ေရယုန္မ်ိဳးကမထူးဆန္းေပမယ့္ခႏၶာကိုယ္ေပၚမွာ​ေက်ာဘက္မွာ နာက်င္တဲ့အေရၾကည္ဖုအႀကီးေတြ​ေပါက္လာၿပီ ဆိုရင္ေတာ့မေပါ့ဆသင့္ပါဘူး။ဒီလို ျပင္းထန္တဲ့အေရၾကည္ဖုအႀကီးေတြကိုဆင္ေရယုန္ (သို႔)ခါးပတ္ေရယုန္လို႔ ေခၚပါတယ္။

၁။ ခါးပတ္ေရယုန္ ျဖစ္ေစတဲ့ဗိုင္းရပ္စ္ (Shingles ဟာ​ေရေက်ာက္ေပါက္ေစတဲ့ ဗိုင္းရပ္စ္ Varicella Zester နဲ႔အတူတူ ျဖစ္ပါတယ္။​ေရေက်ာက္ ေပ်ာက္သြားသည့္တိုင္ေအာင္ဗိုင္းရပ္စ္ပိုးဟာခါး႐ိုးနာ့ဗ္ေၾကာတန္း အထက္ပိုင္းမွာနားခိုေနတတ္ၿပီးလူႀကီးဘ၀မွာ​ေရယုန္ဆိုၿပီးျဖစ္ေစႏိုင္ပါတယ္။

၂။ အျဖစ္မ်ားၿပီးအသက္ႀကီးလာတာနဲ႔အမွ် ခါးပတ္ေရယုန္ျဖစ္ႏိုင္ေျခလည္းမ်ားလာပါတယ္။အသက္၈၀အရြယ္လူႀကီး၂ ေယာက္မွာ တစ္ေယာက္က​ေရယုန္ေပါက္ေနႏိုင္တယ္လို႔ ေလ့လာမႈေတြကဆိုပါတယ္။​ေရယုန္ေပါက္တာရဲ႕တစ္၀က္ခန္႔ဟာအသက္ ၆၀ အရြယ္ေတြျဖစ္ပါတယ္။

၃။ ငယ္ငယ္တုန္းက​ေရေက်ာက္ မေပါက္ဖူးတဲ့ကေလးဆိုတာ​ေတာ္ေတာ္ရွားတယ္လို႔ ဆိုရမွာပါ။​ေရေက်ာက္​ေပါက္ဖူးတဲ့လူတိုင္းမွာ ေရယုန္ျဖစ္ဖို႔အလားအလာ ရွိပါတယ္။

၄။ ထံုက်ဥ္တာ၊စပ္ဖ်ဥ္းဖ်ဥ္းနာက်င္တာ၊ မီးစနဲ႔ထိုးသလိုပူေနတာေတြက​ေရယုန္ေပါက္တာရဲ႕အေစာပိုင္းလကၡဏာေတြ ျဖစ္ပါတယ္။၂ ရက္၊၃ရက္အၾကာမွာအနီကြက္ေတြ ျဖစ္လာၿပီးထိုမွတစ္ဆင့္အရည္ၾကည္ဖုအျဖစ္ ေျပာင္းလဲသြားပါမယ္။​ေက်ာ၊ ရင္ဘတ္၊ကိုယ္ထည္စတဲ့ ေနရာေတြမွာ ေပါက္တတ္ၿပီးမ်က္စိ၊နား၊မ်က္ႏွာေတြမွာလည္းအနာျဖစ္ႏိုင္ပါတယ္။

၅။ တျခားေသာ​ေရာဂါလကၡဏာေတြအေနနဲ႔ကိုယ္ပူျခင္း၊ခ်မ္းတုန္ျခင္း၊​ေခါင္းကိုက္ျခင္းနဲ႔ဗိုက္မအီမသာျဖစ္ျခင္းစတဲ့လကၡဏာေတြ ခံစားရႏုိင္ပါတယ္။​ေရယုန္နာမ်က္စိမွာျဖစ္ရင္အျမင္အာ႐ံု​ေ၀၀ါးၿပီးနားမွာျဖစ္မယ္ဆိုရင္ အၾကားအာ႐ံုထိခိုက္ေစႏိုင္ပါတယ္။

၆။အၾကမ္းဖ်ဥ္းအားျဖင့္​ေရယုန္နာဟာကုသမႈမရွိလည္းရက္သတၱပတ္အနည္းငယ္အတြင္းမွာ ေပ်ာက္တတ္ၿပီးအမာရြတ္က်န္ေလ့ မရွိပါဘူး။​ေရာဂါပိုးဟာခႏၶာကိုယ္ထဲမွာခိုေအာင္းေနၿပီး​ေနာက္ထပ္ထပ္ခါထပ္ခါ ျပန္ျဖစ္ႏိုင္ပါတယ္။

၇။ ခါးပတ္ေရယုန္ျဖစ္ၿပီးေနာက္အခ်ိဳ႕လူေတြဟာယခင္​ေပါက္ခဲ့တဲ့ေနရာမွာနာက်င္မႈကို အခ်ိန္​ေတာ္ေတာ္ၾကာတဲ့အထိ(တစ္ႏွစ္ခန္႕) ခံစားရတတ္ပါတယ္။ညအိပ္မရျဖစ္ၿပီး ၾကာလာတဲ့အခါမွာစိတ္ပ်က္အားငယ္ျခင္းကို ခံစားရတဲ့အထိနာက်င္မႈဆုိး၀ါးပါတယ္။အသက္၅၀​ေက်ာ္လူႀကီးေတြမွာအျဖစ္မ်ားတာကို ေတြ႕ရပါတယ္။

၈။ အျဖစ္နည္းတယ္ဆိုေပမယ့္ခါးပတ္ေရယုန္ရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြကျပင္းထန္ပါတယ္။အျမင္ႏွင့္အၾကားအာ႐ံုဆံုး႐ႈံးျခင္း၊အဆုတ္ေရာင္နမိုးနီးယားေရာဂါျဖစ္ျခင္း၊ ဦးေႏွာက္အေျမႇးပါး ေရာင္ရမ္းျခင္း၊ ေရယုန္နာမွတစ္ဆင့္ပိုး၀င္ျခင္း၊မ်က္ႏွာတစ္ျခမ္း ေလျဖတ္ျခင္းအျပင္အသက္ေသဆံုးတဲ့အထိပါ ျဖစ္ႏိုင္ပါတယ္။အသက္ႀကီးသူေတြ၊ကိုယ္ခံအား နည္းသူေတြမွာအျဖစ္မ်ားပါတယ္။

၉။ ေရယုန္ကာကြယ္ေဆးရွိပါတယ္။အသက္ႀကီးသူေတြ၊​ေရေက်ာက္​ေပါက္ဖူးတဲ့လူေတြအဓိကထိုးသင့္ပါတယ္။​ေရယုန္ျဖစ္ဖို႔ အခြင့္အလမ္းနည္းသြားျခင္း၊​ေနာက္ဆက္တြဲဆိုးက်ိဳးေတြမျဖစ္ေအာင္သိသိသာသာ ေလွ်ာ့ခ်ေပးႏုိင္မယ့္ကာကြယ္ေဆးရဲ႕အက်ိဳးေက်းဇူးေတြပဲျဖစ္ပါတယ္။

၁၀။ ေရယုန္ကိုကုတဲ့ေဆးမရွိေသးေပမယ့္ ဗိုင္းရပ္စ္သတ္တဲ့ေဆး(Acyclovir)​ေတြက အနာက်က္ႏႈန္းကိုျမန္ဆန္ေစၿပီးျမန္ဆန္တဲ့ကုသမႈကျပင္းထန္တဲ့​ေနာက္ဆက္တြဲဆိုးက်ိဳးေတြမျဖစ္ေအာင္ကာကြယ္ေပးႏုိင္ပါတယ္။ ေရာဂါျပင္းထန္တယ္ဆိုရင္ဆရာ၀န္က စတီး႐ြိဳက္ေဆး၀ါးေတြ​ေပါင္းထည့္ေပးပါလိမ့္မယ္။

၁၁။ ခါးပတ္ေရယုန္ဟာလိင္ကတစ္ဆင့္ ကူးစက္တတ္တဲ့ေရာဂါမဟုတ္ပါဘူး။​ေရယုန္အနီကြက္ကေနတစ္ဆင့္တစ္ခါမွ​ေရေက်ာက္မေပါက္ဖူးသူေတြကိုကူးစက္သြားႏုိင္တာေၾကာင့္မိမိမွာ​ေရယုန္ေပါက္ေနတယ္ဆိုဂ႐ုစိုက္သင့္ပါတယ္။ႀကိဳတင္ကာကြယ္မႈအေနနဲ႔ ေမြးကင္းစကေလးေတြနဲ႔ ေရေက်ာက္တစ္ခါမွမေပါက္ဖူးေသးတဲ့သူေတြက ကာကြယ္ေဆးထိုးသင့္ပါတယ္။

Dr. Htet Htet Aung (www.drmyanmar.com)

Unicode

နှုတ်ခမ်းပေါ်မှာအရေကြည်ဖုလေးတွေဖြစ်တဲ့ ရေယုန်ကိုတော်တော်များများ ပေါက်ဖူးကြပါလိမ့်မယ်။ဒီလိုရေယုန်မျိုးကမထူးဆန်းပေမယ့်ခန္ဓာကိုယ်ပေါ်မှာကျောဘက်မှာ နာကျင်တဲ့အရေကြည်ဖုအကြီးတွေပေါက်လာပြီ ဆိုရင်တော့မပေါ့ဆသင့်ပါဘူး။ဒီလို ပြင်းထန်တဲ့အရေကြည်ဖုအကြီးတွေကိုဆင်ရေယုန် (သို့)ခါးပတ်ရေယုန်လို့ ခေါ်ပါတယ်။

၁။ ခါးပတ်ရေယုန် ဖြစ်စေတဲ့ဗိုင်းရပ်စ် (Shingles ဟာရေကျောက်ပေါက်စေတဲ့ ဗိုင်းရပ်စ် Varicella Zester နဲ့အတူတူ ဖြစ်ပါတယ်။ရေကျောက် ပျောက်သွားသည့်တိုင်အောင်ဗိုင်းရပ်စ်ပိုးဟာခါးရိုးနာ့ဗ်ကြောတန်း အထက်ပိုင်းမှာနားခိုနေတတ်ပြီးလူကြီးဘဝမှာရေယုန်ဆိုပြီးဖြစ်စေနိုင်ပါတယ်။

၂။ အဖြစ်များပြီးအသက်ကြီးလာတာနဲ့အမျှ ခါးပတ်ရေယုန်ဖြစ်နိုင်ခြေလည်းများလာပါတယ်။အသက်၈၀အရွယ်လူကြီး၂ ယောက်မှာ တစ်ယောက်ကရေယုန်ပေါက်နေနိုင်တယ်လို့ လေ့ လာမှုတွေကဆိုပါတယ်။ရေယုန်ပေါက်တာရဲ့တစ်ဝက်ခန့်ဟာအသက် ၆၀ အရွယ်တွေဖြစ်ပါတယ်။

၃။ ငယ်ငယ်တုန်းကရေကျောက် မပေါက်ဖူးတဲ့ကလေးဆိုတာတော်တော်ရှားတယ်လို့ ဆိုရမှာပါ။ရေကျောက်ပေါက်ဖူးတဲ့လူတိုင်းမှာ ရေယုန်ဖြစ်ဖို့အလားအလာ ရှိပါတယ်။

၄။ ထုံကျဉ်တာ၊စပ်ဖျဉ်းဖျဉ်းနာကျင်တာ၊ မီးစနဲ့ထိုးသလိုပူနေတာတွေကရေယုန်ပေါက်တာရဲ့အစောပိုင်းလက္ခဏာတွေ ဖြစ်ပါတယ်။၂ ရက်၊၃ရက်အကြာမှာအနီကွက်တွေ ဖြစ်လာပြီးထိုမှတစ်ဆင့်အရည်ကြည်ဖုအဖြစ် ပြောင်းလဲသွားပါမယ်။ကျော၊ ရင်ဘတ်၊ကိုယ်ထည်စတဲ့ နေရာတွေမှာ ပေါက်တတ်ပြီးမျက်စိ၊နား၊မျက်နှာတွေမှာလည်းအနာဖြစ်နိုင်ပါတယ်။

၅။ တခြားသောရောဂါလက္ခဏာတွေအနေနဲ့ကိုယ်ပူခြင်း၊ချမ်းတုန်ခြင်း၊ခေါင်းကိုက်ခြင်းနဲ့ဗိုက်မအီမသာဖြစ်ခြင်းစတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ရေယုန်နာမျက်စိမှာဖြစ်ရင်အမြင်အာရုံေ၀ဝါးပြီးနားမှာဖြစ်မယ်ဆိုရင် အကြားအာရုံထိခိုက်စေနိုင်ပါတယ်။

၆။အကြမ်းဖျဉ်းအားဖြင့်ရေယုန်နာဟာကုသမှုမရှိလည်းရက် သတ္တပတ်အနည်းငယ်အတွင်းမှာ ပျောက်တတ်ပြီးအမာရွတ်ကျန်လေ့ မရှိပါဘူး။ရောဂါပိုးဟာခန္ဓာကိုယ်ထဲမှာခိုအောင်းနေပြီးနောက်ထပ်ထပ်ခါထပ်ခါ ပြန်ဖြစ်နိုင်ပါတယ်။

၇။ ခါးပတ်ရေယုန်ဖြစ်ပြီးနောက်အချို့လူတွေဟာယခင်ပေါက်ခဲ့တဲ့နေရာမှာနာကျင်မှုကို အချိန်တော်တော်ကြာတဲ့အထိ(တစ်နှစ်ခန့်) ခံစားရတတ်ပါတယ်။ညအိပ်မရဖြစ်ပြီး ကြာလာတဲ့အခါမှာစိတ်ပျက်အားငယ်ခြင်းကို ခံစားရတဲ့အထိနာကျင်မှုဆိုးဝါးပါတယ်။အသက်၅၀ကျော်လူကြီးတွေမှာအဖြစ်များတာကို တွေ့ရပါတယ်။

၈။ အဖြစ်နည်းတယ်ဆိုပေမယ့်ခါးပတ်ရေယုန်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကပြင်းထန်ပါတယ်။အမြင်နှင့်အကြားအာရုံဆုံးရှုံးခြင်း၊အဆုတ်ရောင်နမိုးနီးယားရောဂါဖြစ်ခြင်း၊ ဦးနှောက်အမြှေးပါး ရောင်ရမ်းခြင်း၊ ရေယုန်နာမှတစ်ဆင့်ပိုးဝင်ခြင်း၊မျက်နှာတစ်ခြမ်း လေဖြတ်ခြင်းအပြင်အသက်သေဆုံးတဲ့အထိပါ ဖြစ်နိုင်ပါတယ်။အသက်ကြီးသူတွေ၊ကိုယ်ခံအား နည်းသူတွေမှာအဖြစ်များပါတယ်။

၉။ ရေယုန်ကာကွယ်ဆေးရှိပါတယ်။အသက်ကြီးသူတွေ၊ရေကျောက်ပေါက်ဖူးတဲ့လူတွေအဓိကထိုးသင့်ပါတယ်။ရေယုန်ဖြစ်ဖို့ အခွင့်အလမ်းနည်းသွားခြင်း၊နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင်သိသိသာသာ လျှော့ချပေးနိုင်မယ့်ကာကွယ်ဆေးရဲ့အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။

၁၀။ ရေယုန်ကိုကုတဲ့ဆေးမရှိသေးပေမယ့် ဗိုင်းရပ်စ်သတ်တဲ့ဆေး(Acyclovir)တွေက အနာကျက်နှုန်းကိုမြန်ဆန်စေပြီးမြန်ဆန်တဲ့ကုသမှုကပြင်းထန်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ရောဂါပြင်းထန်တယ်ဆိုရင်ဆရာဝန်က စတီးရွိုက်ဆေးဝါးတွေပေါင်းထည့်ပေးပါလိမ့်မယ်။

၁၁။ ခါးပတ်ရေယုန်ဟာလိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါမဟုတ်ပါဘူး။ရေယုန်အနီကွက်ကနေတစ်ဆင့်တစ်ခါမွရေ ကျောက်မပေါက်ဖူးသူတွေကိုကူးစက်သွားနိုင်တာကြောင့်မိမိမှာရေယုန်ပေါက်နေတယ်ဆိုဂရုစိုက်သင့်ပါတယ်။ကြိုတင်ကာကွယ်မှုအနေနဲ့ မွေးကင်းစကလေးတွေနဲ့ ရေကျောက်တစ်ခါမှမပေါက်ဖူးသေးတဲ့သူတွေက ကာကွယ်ဆေးထိုးသင့်ပါတယ်။

Dr. Htet Htet Aung (www.drmyanmar.com)

Be the first to comment

Leave a Reply

Your email address will not be published.


*