က​ေလးမရ​ေအာင္​ ဘယ္​လိုတား​ေဆး သုံးရမလဲ

သားသမီးဆိုတာရတနာေပမယ့္အဆင္သင့္မျဖစ္ေသးတဲ့အခ်ိန္မွာရလိုက္ရင္ေတာ့ ဒုကၡတစ္ခုပါပဲ။မလိုခ်င္လို႔ဖ်က္ခ်ရင္လဲအႏၲရာယ္မ်ားတဲ့အတြက္ကိုယ္ကေလးယူဖို႕အဆင္သင့္မျဖစ္ေသးရင္တားထားဖို႔လိုပါတယ္။ ယေန႔ေခတ္မွာသေႏၶတားဖို႔အတြက္နည္းလမ္းေတြမ်ားျပားလွပါတယ္။

ကြန္ဒံုးကေနအစျပဳလို႔လက္ေမာင္းတြင္းထည့္တဲ့ပစၥည္းအထိ ေရြးခ်ယ္စရာေတြအမ်ားႀကီးပါပဲ။ဒါေပမဲ့နည္းလမ္းတုိင္းဟာလူတိုင္းနဲ႔ သင့္ေတာ္တာမဟုတ္ပါဘူး။သေႏၶတားေတာ့မယ္ဆိုရင္သေႏၶတားနည္းနဲ႔အက်ိဳးနဲ႔အျပစ္ကို ခ်ိန္ဆၿပီးမိမိႏွင့္အသင့္ေတာ္ဆံုးကို ေရြးခ်ယ္ရမွာျဖစ္ပါတယ္။အေကာင္းဆံုး ေရြးခ်ယ္ႏုိင္ဖို႔က်န္းမာေရး၀န္ထမ္းေတြနဲ႕တိုင္ပင္ေဆြးေႏြးႏိုင္ပါတယ္။

>> ကေလး ဘယ္အခ်ိန္ယူမွာလဲ?

ဘယ္ေလာက္ၾကာၾကာသေႏၶတားျခင္းလည္းဆိုတဲ့အခ်က္ေပၚလည္းမူတည္ၿပီးေတာ့ စဥ္းစားရမွာပါ။မၾကာခင္အခ်ိန္အတြင္းမွာ ကေလးယူဖို႔အစီအစဥ္ရွိတယ္ဆိုပါေတာ့ ျဖတ္ရလြယ္ၿပီးအခ်ိန္တိုအတြင္းကေလးျပန္ ရႏုိင္တဲ့ကြန္ဒံုး၊ဒါမွမဟုတ္တားေဆးကတ္ေတြကသင့္ေလ်ာ္ပါတယ္။

IUCD ကဲ့သို႔ သားအိမ္တြင္းထည့္ပစၥည္းေတြကေတာ့ ေရရွည္ သေႏၶတားခ်င္သူေတြအတြက္အိုေကေစမွာပါ။သားေၾကာအၿပီးျဖတ္ပစ္လိုက္ၿပီး ေနာက္မွကေလး ျပန္လိုခ်င္တယ္ဆိုရင္အခက္ေတြ႕ႏိုင္တာမို႔အဆင္ေျပလွတဲ့နည္းလမ္းေတာ့မဟုတ္ပါဘူး။ကေလးမ်ားတဲ့မိသားစုဆိုရင္ေတာ့တစ္မ်ိဳးေပါ့။

>> ေဘးထြက္ဆိုးက်ိဳးေတြက ကိုယ္နဲ႔ အဆင္ေျပမွာပါ့မလား?

ေဆးရဲ႕ ေဘးထြက္ဆိုးက်ိဳးခံႏုိင္ရည္ကိုလည္း ထည့္စဥ္းစားရမွာပါ။အထူးသျဖင့္ ေဟာ္မုန္းပါတဲ့တားေဆးေတြေၾကာင့္ပ်ိဳ႕အန္တာ၊ကိုယ္အေလးခ်ိန္တက္ျခင္း၊စိတ္ဓာတ္က်ျခင္း၊အသားအေရ ေျပာင္းလဲျခင္း၊ ေခါင္းကိုက္ျခင္းစတဲ့ဆိုးက်ိဳးေတြခံစားရႏုိင္ပါတယ္။အခ်ိဳ႕ေဆးေတြကရာသီကေမာက္ကမ ျဖစ္ေစတာေၾကာင့္သေႏၶတားနည္းတစ္ခုခုကို ေရြးခ်ယ္ေတာ့မယ္ဆိုရင္​ေဘးထြက္ဆိုးက်ိဳးေတြနဲ႔ပတ္သက္ၿပီးဆရာ၀န္ႏွင့္​ေဆြးေႏြးပါ။

>> ေနထုိင္မႈပံုစံနဲ႔ေရာ လိုက္ရဲ႕လား?

ပဋိသေႏၶတားတဲ့နည္းလမ္းေတြဟာ ၫႊန္ၾကားထားတဲ့အတိုင္း​ေသခ်ာလိုက္နာမွသာ ထိေရာက္မႈအျပည့္အ၀ရမွာ ျဖစ္ပါတယ္။ ေမ့တတ္တဲ့အမ်ိဳးသမီးအတြက္​ေန႔စဥ္အခ်ိန္မွန္မွန္ ေသာက္ရမယ့္သေႏၶတားေဆးကအဆင္ေျပႏုိင္မွာမဟုတ္ပါဘူး။ကြန္ဒံုးကလည္း ထိုနည္းလည္းေကာင္းပါပဲ။

လိင္ဆက္ဆံခ်ိန္တိုင္း အသံုးျပဳဖို႔အဆင္မေျပဘူးဆိုရင္ အစကတည္းကတျခားနည္းလမ္း (IUD, ထိုးေဆး) ေရြးခ်ယ္ပါ။​ေဆးလိပ္ေသာက္တတ္သူျဖစ္ပါကကိုယ္၀န္ေဆာင္ေဆးကဒ္ကို ေရြးခ်ယ္ပါက ေသြးခဲႏႈန္း၊ႏွလံုးေရာဂါျဖစ္ႏႈန္းကိုျမင့္တက္ေစတာေၾကာင့္​ေဆးလိပ္ျဖတ္မလား၊တျခားနည္းလမ္း ေျပာင္းသံုးမလားစဥ္းစားရမွာျဖစ္ပါတယ္။

>> လိင္ဆက္ဆံေဖာ္ တစ္ေယာက္ထက္ ပိုေနလား?

လိင္မွတစ္ဆင့္ကူးစက္တဲ့ေရာဂါေတြမရေအာင္ကာကြယ္ေပးႏုိင္တဲ့တစ္ခုတည္းေသာ အရာဟာကြန္ဒံုးျဖစ္ပါတယ္။ကိုယ့္ရဲ႕ခင္ပြန္း/ခ်စ္သူဟာလိင္ဆက္ဆံေဖာ္မ်ားသူေတြ၊ တစ္ေယာက္ႏွင့္အထက္ရွိသူဆိုအကာအကြယ္ပစၥည္းသံုးသင့္ပါတယ္။မေမ့ေစခ်င္ပါဘူး။

>> ေရာဂါအစ/ေရာဂါရာဇ၀င္

ကိုယ့္မွာ​ေရာဂါရွိတယ္ဆုိတာကိုလည္းထည့္စဥ္းစားဖို႔လိုအပ္ပါတယ္။ ေလျဖတ္ေရာဂါ၊ အသည္းေရာဂါရာဇ၀င္ရွိသူေတြ၊ ေခါင္းတစ္ျခမ္းကိုက္ေရာဂါရွိသူေတြ၊ရင္သားကင္ဆာ ဒါမွမဟုတ္သားအိမ္ကင္ဆာ ျဖစ္ဖူးသူေတြက ေဟာ္မုန္းပါ၀င္တဲ့သေႏၶတားေဆးေတြ သံုးလို႔မသင့္ပါဘူး။ဒါေၾကာင့္နည္းလမ္းမေရြးခ်ယ္ခင္မွာကိုယ့္ရဲ႕ေရာဂါရာဇ၀င္ႏွင့္ပတ္သက္ၿပီးဆရာ၀န္ကို ေျပာျပဖို႔လိုပါတယ္။

>> ေငြေၾကးအေျခအေန

သေႏၶတားနည္းတစ္ခုခ်င္းဆီတိုင္းမွာအားသာခ်က္၊အားနည္းခ်က္ကိုယ္စီရွိၿပီး ေစ်းႀကီးတိုင္းလည္းကိုယ္ႏွင့္အဆင္ေျပခ်င္မွ ေျပတာပါ။မိမိတတ္ႏုိင္တဲ့​ေငြေၾကးပမာဏတိုင္းတာၿပီးသင့္ေလ်ာ္တဲ့သေႏၶတားနည္းကို​ေရြးခ်ယ္ပါ။တခ်ိဳ႕သေႏၶတားနည္းေတြကကုန္က်စရိတ္မ်ားေပမယ့္အာနိသင္ျပခ်ိန္နဲ႔ ျပန္တြက္ၾကည့္မယ္ဆိုရင္တစ္လကုန္က်စရိတ္က မေျပာပေလာက္ပါဘူး။

>> ဘယ္ေလာက္ ထိေရာက္မႈရွိလဲ?

သေႏၶတားနည္းတစ္ခုနဲ႕တစ္ခုထိေရာက္မႈ မတူညီတဲ့အတြက္​ေသေသခ်ာခ်ာတိုင္ပင္ေဆြးေႏြးပါ။

Dr. Htet Htet Aung (www.drmyanmar.com)

Unicode

သားသမီးဆိုတာရတနာပေမယ့်အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာရလိုက်ရင်တော့ ဒုက္ခတစ်ခုပါပဲ။မလိုချင်လို့ဖျက်ချရင်လဲအန္တရာယ်များတဲ့အတွက်ကိုယ်ကလေးယူဖို့အဆင်သင့်မဖြစ်သေးရင်တားထားဖို့လိုပါတယ်။ ယနေ့ခေတ်မှာသန္ဓေတားဖို့အတွက်နည်းလမ်းတွေများပြားလှပါတယ် ။

ကွန်ဒုံးကနေအစပြုလို့လက်မောင်းတွင်းထည့်တဲ့ပစ္စည်းအထိ ရွေးချယ်စရာတွေအများကြီးပါပဲ။ဒါပေမဲ့နည်းလမ်းတိုင်းဟာလူတိုင်းနဲ့ သင့်တော်တာမဟုတ်ပါဘူး။သန္ဓေတားတော့မယ်ဆိုရင်သန္ဓေတားနည်းနဲ့အကျိုးနဲ့အပြစ်ကို ချိန်ဆပြီးမိမိနှင့်အသင့်တော်ဆုံးကို ရွေးချယ်ရမှာဖြစ်ပါတယ်။အကောင်းဆုံး ရွေးချယ်နိုင်ဖို့ကျန်းမာရေးဝန်ထမ်းတွေနဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

>> ကလေး ဘယ်အချိန်ယူမှာလဲ?

ဘယ်လောက်ကြာကြာသန္ဓေတားခြင်းလည်းဆိုတဲ့အချက်ပေါ်လည်းမူတည်ပြီးတော့ စဉ်းစားရမှာပါ။မကြာခင်အချိန်အတွင်းမှာ ကလေးယူဖို့အစီအစဉ်ရှိတယ်ဆိုပါတော့ ဖြတ်ရလွယ်ပြီးအချိန်တိုအတွင်းကလေးပြန် ရနိုင်တဲ့ကွန်ဒုံး၊ဒါမှမဟုတ်တားဆေးကတ်တွေကသင့်လျော်ပါတယ်။

IUCD ကဲ့သို့ သားအိမ်တွင်းထည့်ပစ္စည်းတွေကတော့ ရေရှည် သန္ဓေတားချင်သူတွေအတွက်အိုကေစေမှာပါ။သားကြောအပြီးဖြတ်ပစ်လိုက်ပြီး နောက်မှကလေး ပြန်လိုချင်တယ်ဆိုရင်အခက်တွေ့နိုင်တာမို့အဆင်ပြေလှတဲ့နည်းလမ်းတော့မဟုတ်ပါဘူး။ကလေးများတဲ့မိသားစုဆိုရင်တော့တစ်မျိုးပေါ့။

>> ဘေးထွက်ဆိုးကျိုးတွေက ကိုယ်နဲ့ အဆင်ပြေမှာပါ့မလား?

ဆေးရဲ့ ဘေးထွက်ဆိုးကျိုးခံနိုင်ရည်ကိုလည်း ထည့်စဉ်းစားရမှာပါ။အထူးသဖြင့် ဟော်မုန်းပါတဲ့တားဆေးတွေကြောင့်ပျို့အန်တာ၊ကိုယ်အလေးချိန်တက်ခြင်း၊စိတ်ဓာတ်ကျခြင်း၊အသားအရေ ပြောင်းလဲခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။အချို့ဆေးတွေကရာသီကမောက်ကမ ဖြစ်စေတာကြောင့်သန္ဓေတားနည်းတစ်ခုခုကို ရွေးချယ်တော့မယ်ဆိုရင်ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီးဆရာဝန်နှင့်ဆွေးနွေးပါ။

>> နေထိုင်မှုပုံစံနဲ့ရော လိုက်ရဲ့လား?

ပဋိသန္ဓေတားတဲ့နည်းလမ်းတွေဟာ ညွှန်ကြားထားတဲ့အတိုင်းသေချာလိုက်နာမှသာ ထိရောက်မှုအပြည့်အဝရမှာ ဖြစ်ပါတယ်။ မေ့တတ်တဲ့အမျိုးသမီးအတွက်နေ့စဉ်အချိန်မှန်မှန် သောက်ရမယ့်သန္ဓေတားဆေးကအဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ကွန်ဒုံးကလည်း ထိုနည်းလည်းကောင်းပါပဲ။

လိင်ဆက်ဆံချိန်တိုင်း အသုံးပြုဖို့အဆင်မပြေဘူးဆိုရင် အစကတည်းကတခြားနည်းလမ်း(IUD, ထိုးဆေး)ရွေးချယ်ပါ။ဆေးလိပ်သောက်တတ်သူဖြစ်ပါကကိုယ်ဝန်ဆောင်ဆေးကဒ်ကို ရွေးချယ်ပါက သွေးခဲနှုန်း၊နှလုံးရောဂါဖြစ်နှုန်းကိုမြင့်တက်စေတာကြောင့်ဆေးလိပ်ဖြတ်မလား၊တခြားနည်းလမ်း ပြောင်းသုံးမလားစဉ်းစားရမှာဖြစ်ပါတယ်။

>> လိင်ဆက်ဆံဖော် တစ်ယောက်ထက် ပိုနေလား?

လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေမရအောင်ကာကွယ်ပေးနိုင်တဲ့တစ်ခုတည်းသောအရာဟာကွန်ဒုံးဖြစ်ပါတယ်။ကိုယ့်ရဲ့ခင်ပွန်း/ချစ်သူဟာလိင်ဆက်ဆံဖော်များသူတွေ၊ တစ်ယောက်နှင့်အထက်ရှိသူဆိုအကာအကွယ်ပစ္စည်းသုံးသင့်ပါတယ်။မမေ့စေချင်ပါဘူး။

>> ရောဂါအစ/ရောဂါရာဇဝင်

ကိုယ့်မှာရောဂါရှိတယ်ဆိုတာကိုလည်းထည့်စဉ်းစားဖို့လိုအပ်ပါတယ်။ လေဖြတ်ရောဂါ၊ အသည်းရောဂါရာဇဝင်ရှိသူတွေ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူတွေ၊ရင်သားကင်ဆာ ဒါမှမဟုတ်သားအိမ်ကင်ဆာဖြစ်ဖူးသူတွေက ဟော်မုန်းပါဝင်တဲ့သန္ဓေတားဆေးတွေသုံးလို့မသင့်ပါဘူး။ဒါကြောင့်နည်းလမ်းမရွေးချယ်ခင်မှာကိုယ့်ရဲ့ရောဂါရာဇဝင်နှင့်ပတ်သက်ပြီးဆရာဝန်ကို ပြောပြဖို့လိုပါတယ်။

>> ငွေကြေးအခြေအနေ

သန္ဓေတားနည်းတစ်ခုချင်းဆီတိုင်းမှာအားသာချက်၊အား နည်းချက်ကိုယ်စီရှိပြီး ဈေးကြီးတိုင်းလည်းကိုယ်နှင့်အဆင်ပြေချင်မှ ပြေတာပါ။မိမိတတ်နိုင်တဲ့ငွေကြေးပမာဏတိုင်းတာပြီးသင့်လျော်တဲ့သန္ဓေတားနည်းကိုရွေးချယ်ပါ။တချို့သန္ဓေတားနည်းတွေကကုန်ကျစရိတ်များပေမယ့်အာနိသင်ပြချိန်နဲ့ ပြန်တွက်ကြည့်မယ်ဆိုရင်တစ်လကုန်ကျစရိတ်က မပြောပလောက်ပါဘူး။

>> ဘယ်လောက် ထိရောက်မှုရှိလဲ?

သန္ဓေတားနည်းတစ်ခုနဲ့တစ်ခုထိရောက်မှု မတူညီတဲ့အတွက်သေသေချာချာတိုင်ပင်ဆွေးနွေးပါ။

Dr. Htet Htet Aung (www.drmyanmar.com)