
Unicode
အိမ်ထောင်ပြုပြီးတဲ့ဇနီးမောင်နှံတွေအနေနဲ့ ရွှေလက်တွဲပြီးလို့အနာဂတ်စီမံကိန်းဆွေးနွေးတိုင်ပင်တဲ့အခါ”ဘယ်အချိန်မှာရင်သွေးဆည်းလည်းလေးတွေမွေးဖွားကြမယ်”ဆိုတာရှေ့ဆုံးကပါမယ်ထင်ပါတယ်။
ရွှေရင်သွေးလေးတွေမွေးဖွားဖို့ဟာဇနီးမောင်နှံတွေရဲ့သဘောတူညီမှု၊စီးပွားရေး ပြေလည်မှုနဲ့ကျန်းမာရေးကောင်းမွန်မှုတို့အပေါ်မှာ အများကြီးမူတည်ပါတယ်။မစီစဉ်ပဲရတဲ့ Unplanned Pregnancyထက်စာရင်ကြိုစီစဉ်တဲ့Planned Pregnancy စီစဉ်ထားတဲ့ကိုယ်ဝန်ကအများကြီးပိုအဆင်ပြေတာတွေ့ရမှာပါ။ကိုယ်ဝန်ယူဖို့စဉ်းစားသင့်တာတွေက
အသက်၂၀အောက်ဆိုရင်ကိုယ်ဝန်ချက်ချင်းယူဖို့မသင့်တော်သေးပါဘူး။စိတ်ကလည်း ကလေးပြုစုဖို့မရင့်ကျက်သေးနိုင်သလိုကျန်းမာရေးအရလည်း၂၀အထက်မှာကလေးယူတာပိုကောင်းပါတယ်။
အသက်၂၀ မှ၂၅ ကြားဆိုရင်ကိုယ်ဝန်ချက်ခြင်းယူမယ်ဆို ယူနိုင်ပါတယ်။စုံတွဲနှစ်ယောက်လုံးတက်ကြွနေချိန်ဖြစ်ပြီးကျန် းမာရေးအရလည်းအကောင်းဆုံးအချိန်ပါပဲ။စီးပွားရေးအရဖြစ်စေလွတ်လွတ်လပ်လပ်နေချင်လို့ဖြစ်စေမယူသေးဘူးဆိုရင်လည်း နောက် ၃,၄နှစ်လောက်စောင့်နိုင်ပါသေးတယ်။
အသက်၂၅နှစ်မှ၃ဝကြားဆိုရင်ဒီအရွယ်မှာအခြားလူမှုရေး၊ စီးပွားရေးတွေ နဲ့တန်းတူရင်သွေးယူဖို့ကလည်းအရေးကြီးပါတယ်။ချက်ချင်းကိုကလေးယူသင့်တဲ့အရွယ်ပါ။ဒီထက်အသက် ကြီးသွားမယ်ဆိုရင်မမျိုးဥဟာအရည်အသွေးကျဆင်းပြီးက လေးရဖို့ခက်နိုင်ပါတယ်။
အသက်၃၀အထက်ဆိုရင်ဒီအရွယ်ကတော့အရင်ဆုံးကလေးယူဖို့ကိုသာအလေးပေးသင့်ပါတယ်။အသက်ကြီးလာရင်ကလေးငယ်မှာချို့ယွင်းချက်ပါလာနိုင်ခြေမြင့်လာတတ်ပါတယ်။တကယ်လို့ကိုယ့်အသက်အရွယ်အရနှစ်ဦးဆုံးဖြတ်ချက်အရမယူဖြစ်သေးဘူးဆိုရင်လည်းအိမ်ထောင်ကျစမှာရေတိုရေရှည်ဘာသားဆက်ခြားနည်းတွေရွေးနိုင်ပါတယ်။
မယ်တင်(ဆေး ၁) #DrZiwaka #ဒေါက်တာဇီဝက