၂၀၂၂ ကမ္ဘာ့ဖလားသံတမန်အဖြစ် ပေါင်သန်း (၁၅၀) တန်ကြေးရှိ စာချုပ်ချုပ်ဆိုဖို့သွားမယ် ဒေးဗစ်ဘက်ခမ်း
ကာတာနိုင်ငံဟာ ၂၀၂၂ ကမ္ဘာ့ဖလား သံတမန်အဖြစ် ဒေးဗစ်ဘက်ခမ်းကို ပေါင်သန်း (၁၅၀) တန်ကြေးရှိတဲ့ စာချုပ်တစ်ရပ်ချုပ်ဆိုသွားဖို့ရှိနေပါတယ် ။ ကာတာနိုင်ငံဟာ ၂၀၂၂ ကမ္ဘာ့ဖလားကို နိုင်ငံ့ ရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ပါတယ် ။ ဒါကြောင့်ကာတာနိုင်ငံဟာ လွန်ခဲ့တဲ့ (၂) နှစ်ဝန်းကျင်ကတည်းက ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ပြင်ဆင်လာခဲ့တာ အခုဆိုရင် ၈၀ ရာခိုင်နှုန်းလောက်ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ် ။
အဲဒီထဲမှာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုအနေနဲ့အားကစားလောကမှာသာမက စီးပွားရေးလောကမှာပါ အခုအချိန်အထိ ပုံရိပ်တစ်ခု တည်ဆောက်ထားနိုင်ဆဲဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းကို သံတမန် အဖြစ် ခန့်အပ်ဖို့ကာတာ အာဏာပိုင်တွေက ရွေးချယ်လိုက်တာဖြစ်ပါတယ် ။ ဒေးဗစ်ဘက်ခမ်း နဲ့ကာတာ အားကစားဝန်ကြီးဌာနအကြားမှာ သံတမန်ရာထူး ခန့်အပ်မယ့်ကိစ္စ နဲ့ပတ်သက်ပြီ အချက်အလက်တွေ သဘောတူညီမှုရရှိထားပြီဖြစ်ပါတယ် ။ ကာတာ အစိုးရ အာဏာပိုင်တွေဟာ အင်္ဂလန် ဂန္တဝင် ကွင်းလယ်လူ ဒေးဗစ်ဘက်ခမ်းကို ပေါင်သန်း (၁၅၀) တန်ကြေးရှိတဲ့ စာချုပ်တစ်ရပ်ချုပ်ဆိုပြီ သံတမန် ရာထူးခန့်အပ်တာဝန်ပေးသွားမှာဖြစ်ပါတယ် ။
အသက် (၄၆) နှစ်အရွယ်ရှိပြီးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ကစားသမားသက်တမ်းတစ်လျှာက် အင်္ဂလန် ၊ စပိန် ၊ အီတလီ ၊ ပြင်သစ် နဲ့အမေရိကန်မှာ ဖြတ်သန်းလာခဲ့သူဖြစ်ပါတယ် ။ ကစားသမားဘဝက အနားယူသွားတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းဘက်ကို ဇောက်ချလုပ်ကိုင်ခဲ့ပြီ အခုဆိုရင် မေဂျာလိဂ်ကလပ် မိုင်ယာမီအသင်းရဲ့ပိုင်ရှင်လည်းဖြစ်ပါတယ် ။
၂၀၂၂ ကမ္ဘာ့ဖလားကို လာမယ့်နှစ် နိုဝင်ဘာ ၂၂ ရက်နေ့မှ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ကာတာနိုင်ငံ့မှာကျင်းပသွားမှာဖြစ်ပါတယ် ။ ကာတာနိုင်ငံဟာ အပူပိုင်းအရပ်ဒေသဖြစ်တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားကို ဆောင်းရာသီမှာ ပြောင်းလဲကျင်းပဖို့ဖီဖာက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ် ။ ဒါကြောင့် လာမယ်နှစ်ကမ္ဘာ့ဖလားဟာ ဘောလုံးသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဆောင်းရာသီမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ပါတယ် ။ အဲဒီအချိန်ကာလဟာ ဥရောပထိပ်သီးလိဂ်တွေ (အထူးသဖြင့် အင်္ဂလန် ပရီးမီးယားလိဂ်) ရဲ့ပွဲကျပ်ကာလဖြစ်တာကြောင့် ဆောင်းရာသီမှာကျင်းပသွားမယ့်အပေါ် ဝေဖန်မှုတွေရှိနေပါတယ် ။
Zawgyi
သိန်းချီ အကုန်ခံ ကျောက်ကပ်ဆေးနေရသူတွေ သိထားသင့်တဲ့ မြန်မာ့ ဆေးနည်းကောင်း
သိန်းချီ အကုန်ခံ ကျောက်ကပ်ဆေးနေရသူတွေ သိထားသင့်တဲ့ မြန်မာဆေးနည်းကောင်း
ကျောက်ကပ် ဝေဒနာ ခံစားနေရသူများမှာ လူလည်းပင်ပန်း၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခု ဖြစ်ပါသည်။
သိန်းထောင်ချီ၍ ချမ်းသာသောသူပင် ဒေဝါလီ ခံရသော ရောဂါပါ။
ကျောက်ကပ် ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။ အချိန်အခိုက်အတန့် တခုသာ ထိန်းထားနိုင်ပြီး
မရဏ မင်းထံ သွားရသည်သာများပါသည်။လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။
ထို့ကြောင့် ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက် ကင်း၍
နာတာရှည် ခံစားနေရသူ များသက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အ ကြိမ်ရေ လျော့ပါးလာ စေရပါမည်ဟု လုံးဝအာမခံပါသည်။
ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။ သိသိခြင်း ဆောင် ရွက်ခဲ့သဖြင့် သုံးလ
အတွင်း ပျောက်ကင်းခဲ့ပါသည်။ စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင် မသေးပါနှင့်။
ကမ္ဘာ ပေါ်တွင် နံမည်ကြီး နေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။ အနောက် နိုင်ငံများတွင်ပင် ဘေးထွက် ဆိုးကျိုးများပြားလာသည့်
အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥ သစ်ဖု သဘာဝအပင်များမှ ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ
မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင်
နံမည်ရနေပါပြီ။ယခုတင်ပြသောဆေးနည်းမှာ ကျွန်တော်တို့မိသားစု ဘိုး စဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။
၁။ ကျောက်ဖရုံသီး ဟင်းချိုကို နေ့စဉ်သောက်ပေးပါ။ (အသား၊ငါး မရောပါနှင့်၊ ရောဂါမရှိသေးသူများ သောက်ပါက
ဆီးကောင်းစေပြီး၊ ယောက်ျားများ အတွက်၊ ယောက်ျားပီသ စေပါသည်)
၂။တရုတ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။ လဖက်ခြောက်ခပ်၍ ရေနွေးသောက်သလို သောက်ပါ။
အဖတ်ဝါးစားပါ။ ညနေစာစားပြီး နာရီဝက်ခန့်ခြားပြီးမှသောက်ပါ။အိပ်ချိန်နှင့်ဝေးပါစေ။သွေးတိုးပါကျစေသဖြင့်
မျက်လုံးကြောင်တတ်ပါသည်။ညခုနစ်နာရီဆိုလျင် သင့်ပါသည်။
၃။ ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီး ကို ခွဲအူတိုင်ထုတ်ပြီး ကျောက်ကပ်
နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။ ဖြေးဖြေး သက်သာလာပါမည်။
၄။ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။သုံးလအနည်းဆုံးထားပြီး
ဆောင်ရွက်ပါ။ကျောက်ကပ် ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကို တွေ့ရပါမည်။
Credit
” ရေမွန်ရဲ့ ၄ လပြည့်မှာ သတိတရနဲ့ လွမ်းဆွတ်ကြေကွဲပေးသူအားလုံးကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ ရေမွန်ရဲ့မိခင် ဒေါ်ခင်မြတ်မွန်”
ပရိသတ်​ကြီးရေ အဆိုတော်ရေမွန်ကတော့ ​​ေယာကျာ်းလေးပရိသတ်တွေ အသည်းအသန်အားပေးခဲ့ရတဲ့အဆိုတော်တစ်ဦးပါ။ မိန်းကလေးပရိသတ်အများစုကလည်း အားပေးလျက်ရှိခဲ့တဲ့အပြင် နိုင်ငံကျော်အဆိုတော် ခင်မြတ်မွန်ရဲ့ သားလည်းဖြစ်ပါတယ်။
အမေဖြစ်သူရဲ့ အနုပညာအမွေတွေကိုရရှိကာ အမိုက်စားသီချင်းတွေကိုထွက်ရှိအောင်မြင်ခဲ့တဲ့IDIOTS ရဲ့အဖွဲ့ဝင်ရေမွန်ကတော့ မနေ့ကျရောက်တဲ့ အောက်တိုဘာလ(၂၃)ရက်နေ့ဟာ သူ့ရဲ့မိသားစုနဲ့ ချစ်ပရိသတ်တွေကိုခွဲခွာသွားတဲ့ ၄လတိတိနေ့ပဲ ဖြစ်ပါတယ်။ အချိန်ကာလ၄လကြာသွားပေမယ့် မမေ့​မလျော့နဲ့ လွမ်းဆွတ်အောက်မေ့သတိတရရှိကြောင်း ပရိသတ်များစွာက တင်ခဲ့ကြတာပါ။
မိခင်ဖြစ်သူ ခင်မြတ်မွန်ကတော့ ပရိသတ်တွေရေမွန်အတွက် သတိရပေးမှုကို”တွတ်ပီရဲ့ ၄ လပြည့်ကိုသတိတရနဲ့ လွမ်းဆွတ်
ကြေကွဲပေးသူများကျေးဇူးပါ..”ဆိုတဲ့စာလေးနဲ့ ကျေးဇူးတင်စကား ဆိုလာခဲ့တာပါ။ CeleGabarပရိသတ်တွေလည်း ရေမွန်ကို သတိရအောက်မေ့မိတယ်ဆိုရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Koe- CeleGabar
Source- KhinMyatMon
Zawgyi
Koe- CeleGabar
Source- KhinMyatMon
ဒီလမှာ အသက်(၂၃) နှစ်ပြည့်သွားခဲ့ပေမယ့် နိုင်ငံကျော် မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည် နေပြီဖြစ်တဲ့ မေမြတ်နိုး
ဒီလမှာ အသက်(၂၃) နှစ်ပြည့်သွားခဲ့ပေမယ့် နိုင်ငံကျော် မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည် နေပြီဖြစ်တဲ့ မေမြတ်နိုး
ပရိတ်သတ်ကြီးရေနိုင်ငံဂုဏ်ဆောင်မော်ဒယ်တစ်ယောက်ကိုသိကြမှာပါနော်။မော်ဒယ်မေမြတ်နိုးပါ၊သူမကယခုလက်ရှိအောင်မြင်မှု့ကိုခက်ခဲတဲ့Chall engesတွေကိုကျော်ဖြတ်ပြီးမှရရှိလာတာပဲဖစ်ပါတယ်၊ခုဆိူနိုင်ငံရပ်ခြားမှာBrandအမှတ်တံ ဆိပ်တွေကိုကြော်ငြာပေးရတဲ့အထိအောင်မြင်နေတာပဲဖြစ်ပါတယ်၊လက်ရှိသူမရောက်ရှိနေတဲ့နေရာကသူမကိုယ် တိုင်ကြိုးစားထားတဲ့ထိုက်တန်တဲ့အောင်မြင်မှု့ကြီးပါပဲ
မျိုးဆက်သစ်မော်ဒယ်တွေအတွက်လဲတကယ်အတူယူဖွယ်ကောင်းပါတယ်နော်။သူမကကိုယ်တိုင်အောင် မြင်နေပေမယ့်လဲသူမလုပ်ကိုင်နေတဲ့မော်ဒယ်အလုပ် အကိုင်စွမ်းရည်ကိုအမိနိုင်ငံမှာမြှင့်တင်ပေးဖို့ဆန္ဒရှိနေသူပါ၊အမိနိုင်ငံနဲ့ယှဥ်လိုက်ရင်တစ်ခြားသောနိုင်ငံတွေကသူ့နေရာနဲ့သူပိုအရေးပါအလေးထားကြပါတ ယ်၊သူမတတ်သိနားလည်တဲ့အ ကြောင်းအရာလေးတွေကိုပြောပြတိုက်တွန်းပြီး၊ပိုပြီးတိုးတတ်အောင်လုပ်နိုင်ကြဖို့အမြဲအားပေးလေ့ရှိပါတယ်နော်။
သူမကယခုလမှာပဲအသက်(23)နှစ်ပြည့်သွားတာပဲဖစ်ပါတယ်။အသက်ငယ်ရွယ်ပေမယ့်အောင်မြင်မှု့ကတော့အံ့မခန်းပါပဲနော်။အတုယူစရာကောင်းလှပါတယ်၊တစ်ခြားသောနိုင်ငံမှာနေပြီးအလုပ်လုပ်နေပမယ့်လို့အမိနိုင်ငံအတွက်အမြဲကြိုးစားအားထုတ်ပေးတဲ့သူဆိုလဲဟူတ်ပါတယ်။အမိနိုင်ငံကြုံတွေ့နေရတဲ့အခက်ခဲကိုထောက်ပံ့နိိုင်ရေးအတွက်လဲတစ်ထောင့်တစ်နေရာကနေပါဝင်ခဲ့တဲ့သူပါ။တ ကယ်ဂုဏ်ယူစရာပဲနော်။နိုင်ငံဂုဏ်ဆောင်မယ်တစ်ဦးဖြစ်တဲ့မေမြတ်နိုးကိုမွေးနေ့ဆုတောင်းပေးသွားကြဖို့မမေ့ပါနဲ့ဦးနော်၊ဟက်ဗီးဘက်ဒေးပါမမေမြတ်နိုး။
Credit
Credit
အဝေးတစ်နေရာက ချစ်ရတဲ့ ဖခင်ကြီးကို သူရဲ့ ချွေးနှဲစာလေးနဲ့ တရိုတသေ သွားရောက် ကန်တော့ခဲ့တဲ့ သရုပ်ဆောင်မေပန်းချီ
အောင်မြင်တဲ့ သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်တဲ့ မေပန်းချီကတော့ အမိုက်စားခန္ဓာ ကိုယ်နဲ့ ပုရိသတွေကို တဖြုတ်ဖြုတ်ကြွေသွားလောက်စေတဲ့ အလှတွေနဲ့ ဆွဲဆောင်နေတဲ့ မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ အလန်းစားဖက်ရှင်တွေနဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်ေ တွကတော့ မေပန်းချီရဲ့ အလှတွေကို ထင်ဟပ်ပြနေပါတယ်။
အလုပ်တွေကို ကြိုးစား လုပ်ကိုင်နေသလို မိဘအပေါ်မှာလည်း သိတတ်လိမ္မာပြီး လုပ်ကျွေးပြုစုနေတဲ့ သမီး အလိမ္မာလေးဖြစ်လို့ အားလုံးက ပိုတောင် လေးစားနေကြတာပါ။ အလှူအတန်းတွေဆိရင်လည်း တတ်နိုင်သလောက် လှူဒါန်းလေ့ရျိသူတစ်ဉီးဖြစ်ပါတယ်နော်.
အခုလည်း သီတင်းကျွတ်ကာလလေးမှာ အဝေးတစ်နေရာက ချစ်ရတဲ့ ဖခင်ကြီးကို သူရဲ့ ချွေးနှဲစာစာလေးနဲ့ တရိုတသေ သွားရောက် ကန်တော့ခဲ့တာကို တွေ့ရပါတယ် ။ ပုံလေးတွေနဲ့ အတူ ” နောက်ဆုံးအချိန်မှာအမေ မမြင်လိုက်ရတဲ့ အဖေ ဒီနေ့ဝင်ကန်တော့ဖြစ်တယ်🙏🏼🙏🏼🙏🏼” ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေ မျှပေးလိုက်ပါတယ် ။
Credit – Cele Zone
Photo – May Panche
Zawgyi
Photo – May Panche
Credit Cele Zone
ပရိတ်သတ်တစ်ဉီးထံမှ ထင်မှတ်မထားတဲ့လက်ဆောင်လေးရခဲ့တာကြောင့် ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျခဲ့တဲ့ သရုပ်ဆောင် သီရတီ
ပရိသတ်ကြီးရေ သီရတီကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သီရတီကိုယ်တိုင်ကလည်း သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကို ရင်ရင်းနှီးနှီးနဲ့ ပြန်လည်ဆက်ဆံတတ်ပြီး မာန်မာနမရှိတဲ့ သူတစ်ယောက်ပါ။
ဒီနေ့မှာလည်း သီရတီက သူ့ရဲ့ပရိသတ်တစ်ယောက်ဆီကနေ လက်ဆောင်လေးတစ်ခုကိုလက်ဆောင်ရရှိခဲ့ပြီး ရရှိခဲ့တဲ့ လက်ဆောင်လေးကို သဘောကျလွန်းတာကြောင့် မျက်ရည်ကျတဲ့အထိ ဝမ်းသာပီတိဖြစ်ခဲ့ရကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ လက်ဆောင်လေးကတော့ သီရတီနဲ့ သူ့ရဲ့မိခင်ကြီးတို့ရဲ့ ပုံလေးကို ပုံတူခဲပန်းချီဆွဲထားတဲ့ ပန်းချီကားချပ်လေးပဲဖြစ်ပါတယ်။
မိခင်ကြီးကို ချစ်တဲ့ သီရတီအတွက်တော့ အခုလို မိခင်ကြီးနဲ့ သူရဲ့ပုံတူပန်းချီးလေးကို မထင်မှတ်ဘဲ လက်ဆောင်ရလိုက်တာဆိုတော့ မျက်ရည်ကျတဲ့အထိ ဝမ်းသာပီတိဖြစ်မယ်ဆိုရင်လည်း ဖြစ်လောက်စရာပါပဲနော်။ သီရတီကိုယ်တိုင်ကလည်း ဒီပန်းချီကားလေးကို တော်တော်လေးသဘောကျနေခဲ့တာပါ။
Source – Thi Ra Tee
Credit Cele Zone
-Zawgyi Font ဖြင့် ဖတ်ရန်-
Source – Thi Ra Tee
Credit Cele Zone
လက်ရှိ ညာမောင်း မော်တော်ယာဉ်တွေ အသုံးပြုမှုကို လုံးဝ ပိတ်ပင်တော့မယ့် ကမ္ဘောဒီးယား
လက်ရှိ ညာမောင်း မော်တော်ယာဉ်တွေ အသုံးပြုမှုကို လုံးဝ ပိတ်ပင်တော့မယ့် ကမ္ဘောဒီးယား
ညာမောင်း (Right-Hand Drive) မော်တော်ယာဉ်ပိုင်ရှင်များအနေနဲ့ ဇွန် ၂၀၂၂ ခုနှစ်နောက်ဆုံးထားပြီး ၎င်းတို့ရဲ့မော်တော်ယာဉ်များကို ဘယ်မောင်း (Left-Hand Drive) အဖြစ်ပြောင်းလဲရမှာဖြစ်ကြောင်းနဲ့ ဒါမှမဟုတ်ရင်တော့ ဉပဒေအရ အသိမ်းခံရပြီး ဖျက်ဆီးခံရမှာဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးများကောင်စီရဲ့ အကြီးတန်းအရာရှိတစ်ဦးက သတိပေးပြောဆိုလိုက်ပါတယ်။
ဝန်ကြီးများကောင်စီရဲ့ အမြဲတမ်းအတွင်းဝန်ဖြစ်သူ Hing Thoraxy ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ (၂) ရက်နေ့တုန်းက Minister of Interior Sar Kheng, Minister of National Defence Tea Banh နဲ့ Minister of Economy and Finance Aun Pornmoniroth တို့ထံသို့ စာတစ်စောင်ပို့ပေးခဲ့ပြီး အဆိုပါစာထဲမှာတော့ ဝန်ကြီးဌာနများ၊ ပြည်နယ်အဖွဲ့အစည်းများ၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်များရဲ့ နံပါတ်ပြားများကို အသုံးပြုနေတဲ့ ကိုယ်ပိုင်မော်တော်ယာဉ်များကို အခွန်ပေးဆောင်ရမယ့် အစီအစဉ်ကို အကောင်အထည်ဖော်ရန်လည်း တောင်းဆိုခဲ့ပါတယ်။
“လက်ရှိ ရှိနေတဲ့ ညာမောင်းမော် တော်ယာဉ်တွေအနေနဲ့ သွင်းကုန်ခွန်နဲ့ တင်သွင်းခွန်တွေကို နောက်ဆုံးတစ်ကြိမ်အဖြစ်ပေးဆောင်ရပါမယ်။ ဒါပေမဲ့ ညာမောင်းမော်တော်ယာဉ်တွေအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ယာဉ်စည်းကမ်းဉပဒေတွေနဲ့အညီ ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒီလိုခွင့်ပြုမှုကိုတော့ ဇွန် ၂၀၂၂ အထိသာ ခွင့်ပြုထားမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ မပြုပြုင်ထားတဲ့ ညာမောင်းမော်တော်ယာဉ်တွေကို ဉပဒေအရ ဖျက်သိမ်းရန် (သို့) ဖျက်ဆီးရန် ပြုလုပ်မှာ ဖြစ်ပြီး၊ ညာမောင်းမော်တော်ယာဉ်တွေကို တင်သွင်းနေသည်ကို တွေ့ရှိပါကလည်း ဉပဒေနဲ့အညီ အရေးယူသွားမှာပါ။” – Hing Thoraxy (ဝန်ကြီးများကောင်စီ အမြဲတမ်းအတွင်းဝန်)
Asia Injury Prevention Foundation ရဲ့ ဒါရိုက်တာဖြစ်သူ Kim Pan Ha ကလည်း ယခုလို ညာမောင်းမော် တော်ယာဉ်တွေ ပိတ်ပင်မှုကိုထောက်ခံကြောင်းနဲ့ ညာမောင်းတွေဟာ လက်ရှိအသုံးပြုနေတဲ့ ယာဉ်စည်းကမ်း ဉပဒေတွေနဲ့ မကိုက်ညီတော့ဘူးလို့ ဆိုပါတယ်။ အရှေ့တောင်အာရှဒေသအတွင်းမှာတော့ ကမ္ဘောဒီးယားဟာ ဖိလစ်ပိုင်ပြီးရင်ညာမောင်းမော် တော်ယာဉ် အသုံးပြုမှုကို လုံးဝပိတ်ပင်တော့မယ့် ဒုတိယမြောက် နိုင်ငံဖြစ်လာမှာ ဖြစ်ပါတယ်။
Credit ကားသတင်းစုံ
ချစ်ခင်ပွန်းထံမှ မွေးနေ့လက်ဆောင် နှင့် anniversary လက်ဆောင်အဖြစ် ရွှေတုံးနဲ့အတူစိန်လက်စွပ်ကိုပါရရှိခဲ့လို့ အတိုင်းမသိပျော်ရွှင်နေတဲ့ သရုပ်ဆောင် ခင်နန်းထိုက်
ပရိသတ်ကြီးရေ ခင်နန်းထိုက်ကတော့ ကြောက်တတ်သူ များမကြည့်ရဆိုတဲ့ရုံတင်ဇာတ်ကားကြီးကနေစပြီးပရိသတ်ရင်ထဲကို​ရောက်ရှိခဲ့ကာ နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေများစွာရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။ဒါ့အပြင် music videoတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးတစ်လက်ပါ။
ခင်နန်းထိုက်ကတော့ အခုချိန်မှာအိမ်ထောင်ကျကာ ချစ်စရာသား​လေးနှစ်ဦး ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ချစ်စရာသားလေးနှစ်ဦးကို မွေးဖွားခဲ့ပေမယ့် တစ်သားမွေးတစ်သွေးလှဆိုသလို ပိုပိုလှလာတယ်ဆိုရင်မှားမယ်မထင်ပါဘူးနော်။လက်ရှိသူမရဲ့အိမ်ထောင်ရေးကံကတော့ မိန်းကလေးတိုင်းအားကျ ချင်စရာပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။
သူမရဲ့ (၃၂)နှစ်မြောက်မွေးနေ့ကတော့အောက်တိုဘာလ(၁၆)ရက်နေ့ကကျရောက်ခဲ့တာဖြစ်ပြီး သူမအတွက်မွေးနေ့ လက်ဆောင်အဖြစ် ရွှေတုံး ၃တုံးကို မွေးနေ့လက်ဆောင်အဖြစ် ခင်ပွန်းသည်ကလက်ဆောင်အဖြစ်ပေးခဲ့တဲ့အပြင် anniversary လက်ဆောင်အဖြစ်လည်း စိန်လက်စွပ် ကို ရရှိခဲ့ကြောင်း သူမရဲ့အကောင့်ကနေ ကြည်နူးစွာပြောပြလာခဲ့တာပါ။ သူမရဲ့ ကြည်နူးစရာပိုစ့်လေးကို အမျိုးသမီးများစွာလည်းshareကာ အားကျခဲ့ကြတာပါ။ ပရိသတ်ကြီးလည်း ခင်နန်းထိုက်ရဲ့ ကြည်နူးစရာဘဝလေးကိုကြည့်ပြီးသဘောကျရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Credit ; CeleGabar
Zawgyi
Credit ; CeleGabar
အာရှဖလား ခြေစစ်ပွဲအောင်မြင်ခဲ့ပြီဖြစ်တဲ့ မြန်မာအမျိုးသမီးအသင်း
၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ အုပ်စု (D) နောက်ဆုံးနေ့ကို အောက်တိုဘာ ၂၄ ရက်ကကျင်းပရာ မြန်မာအမျိုးသမီးအသင်းဟာ ယူအေအီးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။
မြန်မာအသင်းသည် အုပ်စုတွင်းတွင် လက်ဘနွန်ကို (၄-ဝ)ဂိုး၊ ဂူအမ်ကို (၈-ဝ)ဂိုးဖြင့် အနိုင်ယူခဲ့ပြီး အုပ်စု(၃)ပွဲစလုံးအနိုင်ရကာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် အာရှဖလားခြေစစ်ပွဲ နောက်ဆုံးအဆင့်တွင် ငါးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ၂၀၀၃၊ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ပြိုင်ပွဲတိုတွင် အောင်မြင်ခဲ့ကာ ၂၀၂၂ ပြိုင်ပွဲတွင် ထပ်မံယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းအနေနဲ့ အုပ်စုတွင်း ၃ ပွဲမှာ ၁၄ ဂိုးသွင်းယူခဲ့ပြီး ပေးဂိုးလုံးဝမရှိခဲ့ဘဲ အုပ်စုပထမနေရာရရှိပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။
Credit
Zawgi
ဒီနေ့မှာကျရောက်တဲ့ ပရိတ်သတ်အချစ်တော် အဆိုတော် တန်ခွန်ကျော်ရဲ့ မွေးနေ့ရက်မြတ်လေး
ပရိသတ်ကြီးရေ ဒီနေ့အောက်တိုဘာလ (၂၄)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် တန်ခွန်ကျော်ရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဒီနှစ်ရဲ့ မွေးနေ့ရက်လေးမှာတော့ ပရိသတ်တွေရဲ့အချစ်တော် တန်ခွန်ကျော်က အသက် (၂၇)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။
Happy Birthday ပါ တန်ခွန်ကျော်ရေ။ အနုပညာလောကမှာအောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ်နဲ့ရပ်တည်နိုင်ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းတွေကိုလည်း များစွာပိုင်ဆိုင်နိုင်ပါစေ။ ဒီနေ့မွေးနေ့လေးမှာလည်း စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ပါစေလို့ CeleZone ကနေလည်း တန်ခွန်ကျော်အတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးလိုက်ပါတယ်။
ပရိသတ်ကြီးတွေထဲက တန်ခွန်ကျော်ရဲ့ ပရိသတ်တွေလည်း ဒီနေ့မှာမွေးနေ့ကျေရောက်တဲ့ တန်ခွန်ကျော်ရဲ့ မွေးနေ့ရက်မြတ်လေးအတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။
Photo Credit – TAN KHUN KYAW
Credit Cele Zone
-Zawgyi Font ဖြင့် ဖတ်ရန်-
Credit Cele Zone